ရုပ်ရှင်ဇာတ်ကားကြီးများတွင် ပါဝင်သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေ ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီရွှေကြိုတွင် ပါဝင်ဆောင်ရွက်ရာမှတစ်ဆင့် အနုပညာလောကထဲကို ဝင်ရောက်လာတာပဲ ဖြစ်ပါတယ်။ မေတိုးခိုင်ဟာ အဒေါ်ဖြစ်သူ အူဝဲရဲ့ သင်ကြားပြသမှုတွေကြောင့်လည်း အချိန်တိုအတွင်း ပရိသတ်တွေကြားမှာ နာမည်ကြီးလာတာလည်း ဖြစ်ပါတယ်။

Photo Crd- May Toe Khine’s Facebook Page
Photo Crd- May Toe Khine’s Facebook Page
Photo Crd- May Toe Khine’s Facebook Page

သူမဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ နေထိုင်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အဆက်သွယ် မပြတ်စေရန် သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် Live လွှင့်ကာ ရင်းရင်းနှီးနှီးစကားပြောလေ့ ရှိတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အားလပ်ချိန်များမှာလည်း Tik Tok လေးတွေ ဆော့ကစား တတ်ပါသေးတယ်နော်။

Photo Crd- May Toe Khine’s Tik Tok Account
Photo Crd- May Toe Khine’s Tik Tok Account
Photo Crd- May Toe Khine’s Tik Tok Account

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း မေတိုးခိုင်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ညီမအငယ်ဆုံးနဲ့အတူ စည်းချက်ညီညီနဲ့ချစ်စရာကောင်းလောက်အောင် ကနေတဲ့ မေတိုးခိုင်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ ညီအစ်မနှစ်ယောက်ရဲ့ ထိမိလှတဲ့ ကကွက်လေးတွေကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် မေတိုးခိုင်ရဲ့ Tik Tok Video လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Toe Khine’s Facebook Page and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။