အဆိုတော်အေသင်ချိုဆွေကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့အဆိုတော်တစ်ယောက်ဖြစ်ပြီး အနာပညာလောကမှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ သူမကတော့ သီချင်းကောင်းလေးတွေကို သီဆိုခဲ့ပြီး ယခုမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ 

Photo credit :athen cho swe ' s facebook acc
PHOTO CREDIT: IVY 'S FACEBOOK PAGE

သူမကတော့ ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကိုဖြတ်သန်းလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ သမီးလေးအိုင်ဗီကတော့  ပရိသတ်တွေ ချစ်ခင်ရတဲ့ ကလေးငယ်လေးတစ်ယောက်ဖြစ်ပြီး သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။သူမကတော့ ယခုမှာ အသားကုန်ဆော့ပြီး ပေကျန်တူးနေတဲ့ သမီးလေးအိုင်ဗီကို ကြည့်ကာချစ်မဝဖြစ်နေခဲ့ပါတယ်။  

PHOTO CREDIT: IVY 'S FACEBOOK PAGE
PHOTO CREDIT: IVY 'S FACEBOOK PAGE
PHOTO CREDIT: IVY 'S FACEBOOK PAGE

သူမကတော့ " အိုင်ဗီရဲ့ ဆော့နှုန်း လတ်လတ် ထနှုန်း က 100ရာခိုင်နှုန်း ကျော်လွန်နေ "ဆိုပြီး သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အိုင်ဗီလေးရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အေသင်ချိုဆွေသမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : IVY 'S FACEBOOK PAGE 

PHOTO CREDIT: IVY 'S FACEBOOK PAGE
PHOTO CREDIT: IVY 'S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။