Photo credit - DreamHack

Canada နိုင်ငံသား cs:go player တစ်ဦးဖြစ်တဲ့ daps ကတော့ သူ့အနေနဲ့ လက်ရှိအချိန်မှာ free agent ဖြစ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

daps ကတော့ free agent မဖြစ်ခင်မှာ Gen.G အသင်းမှာ ကစားနေတာပဲ ဖြစ်ပါတယ်။

Gen.G မှာတော့ daps ဟာ 2019 ခုနှစ် 12 လပိုင်း 6 ရက်နေ့ထဲက စတင်ကစားလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ 9 လပိုင်း 11 ရက်နေ့မှာ inactive player နေရာကိုပြောင်းရွှေ့သွားခဲ့ပါတယ်။

အဲ့ဒီနောက် မနေ့က 9 လပိုင်း 18 ရက်နေ့မှာတော့ daps ဟာ သူ့အနေနဲ့ 9 လပိုင်း 17 ရက်နေ့က စတင်ကာ Gen.G နဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီး free agent ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်းကို ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။

daps အနေနဲ့ Gen.G ကနေ ထွက်ခွာအပြီးမှာ အနားယူသွားဖို့တော့ အစီအစဥ်မရှိသေးဘဲ အသင်းသစ် တစ်သင်းမှာ ကစားဖို့အတွက် ဆန္ဒရှိနေပါတယ်။

ဒါ့ကြောင့် daps ကို သိပ်မကြာခင်မှာ အသင်းသစ်တစ်သင်းမှာ ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။

ဘော်ဒါ်တို့ရော daps ဘယ်အသင်းကို ရောက်သွားမယ်လို့ ထင်ကြလဲ။

Source - daps twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။