အမြဲတမ်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်တွေ ချစ်နေရသူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားခေတ်မှစပြီး ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲပါပဲနော်။ သရုပ်ဆောင်အလုပ်ကို ဝါသနာပါလွန်းတာကြောင့် အမြဲတမ်း ကြိုးစားလုပ်ကိုင် နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account

ဘေဘီမောင်ရဲ့ ညီမလေး သံစဉ်မောင်ဟာလည်း အစ်မဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေကို အတူတူ ကြိုးစားလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ညီအစ်မနှစ်ယောက်လုံးဟာ မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတာကြောင့်လည်း လုပ်သမျှအလုပ်တိုင်း အခက်အခဲမရှိ လုပ်ကိုင်နိုင်တာလည်း ဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ရောဂါတွေကြောင့် အိမ်မှာဘဲ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာပဲ ဖြစ်ပါတယ်။

Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account
Photo Crd- Baby Maung’s Facebook Account

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ဘေဘီမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Live Video လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့တစ်ပျော်တစ်ပါးသီချင်းတွေဆိုနေကြတဲ့ ဘေဘီမောင်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Baby Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။