ပရိသတ်ကြီးရေ ဒါရိုက်တာကိုပေါက် နဲ့ ကျော်ကျော်ဗိုလ် တို့ကတော့ အောင်မြင်မှုတွေကိုယ်စီဖြင့် အနုပညာလောကကို အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူတွေပဲဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက် ကတော့ သရုပ်ဆောင်အပြင် မြန်မာ့ရုပ်ရှင်လောကကို တစ်ထောင့်တစ်နေရာကနေ တိုးတက်အောင် အကောင်းဆုံးကြိုးစားလုပ်ကိုင်နေတဲ့ စွယ်စုံရအနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ် ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ကို သဘာဝကျကျ သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit - Aung Min Naing's fb account
Photo Credit - Aung Min Naing's fb account

ကိုပေါက် နဲ့ ကျော်ကျော်ဗိုလ် တို့နှစ်ယောက်ကတော့ သာယာပျော်ရွှင်စရာကောင်းလောက်တဲ့ မိသားစုဘဝတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူတွေပဲ​​ဖြစ်ပါတယ်။ ဒါ့အပြင် အနုပညာကို အထူးဝါသနာကြီးတဲ့သူတွေဖြစ်တာကြောင့် မကြာခဏ ဆိုသလို tik tokဗီဒီယိုလေးတွေ ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင် ကိုပေါက်က ပရိသတ်တွေ ရယ်မော ပျော်ရွှင်ဖို့အတွက် ဟာသဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung Min Naing's fb account
Photo Credit - Aung Min Naing's fb account

ဒီဗီဒီယိုလေးဟာ ကျော်ကျော်ဗိုလ် နဲ့ ကိုပေါက် တို့ နှစ်ယောက်က Online ပေါ်ကနေ Stay Home ပေါ်လာပုံလေးကို ရှင်းခန်းထုတ်ခဲ့တဲ့ အခွီးဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ယောက်သား အတွဲညီညီ နဲ့ သဘာဝကျကျ ပြောဆိုထားတဲ့ ဒီဗီဒီယိုလေးကို ပရိသတ်တွေ ရယ်မောပျော်ရွှင်သွားမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ...ချစ်ပရိသတ်တွေရေ တစ်နေ့တာရဲ့ အချိန်တွေကို ရယ်စရာလေးတွေနဲ့ ဖြတ်သန်းရအောင် ကိုပေါက် နဲ့ ကျော်ကျော်ဗိုလ် တို့ရဲ့ ဟာသ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video Credit - Aung Min Naing's fb account

Source- Aung Min Naing's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။