မင်းသမီးချော ပိုးမမှီသာ ဟာ အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေရရှိလာခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်။ ပိုးမမှီသာ ကတော့ ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားသူပဲဖြစ်ပါတယ်။

Photo Credit - Min Shin (Photography)
Photo Credit - Min Shin (Photography)

ဒါ့အပြင် ဝတ်စားဆင်ယဉ်မှုတွေမှာ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်လေ့ရှိကာ ခေတ်ပေါ်ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ပိုးမမှီသာ က ချစ်တဲ့သူတွေကို သူမရဲ့ နေ့စဥ်လှုပ်ရှားမှု ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ပိုးမမှီသာက ပရိသတ်တွေအတွက် ချစ်ရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Min Shin (Photography)
Photo Credit - Min Shin (Photography)

ဒီပုံလေးတွေထဲမှာတော့ ပိုးမမှီသာ က ရိုးရှင်းအေးချမ်းလှတဲ့ မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးကိုဝတ်ဆင်ပြီး ရင်ခုန်စရာအမူရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တခြား ပိုပြီးလှပချောမောနေတဲ့ ပိုးမမှီသာ လေးကို အရင်ကထက်ချစ်ပေးပါဦးနော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ ရင်ခုန်စရာကောင်းလောက်အောင် လှရက်လွန်းနေတဲ့ ပိုးမမှီသာ လေးရဲ့ ပုံရိပ်လေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Min Shin (Photography)
Photo Credit - Min Shin (Photography)

Photo Credit - Min Shin (Photography)

Source - Poe Mamhe Thar's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။