သရုပ်ဆောင် ထူးခြားကတော့ အက်ရှင်ဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့စိတ်ဝင်တစားအားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ် ။ထူးခြားက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ထူးခြားက ပွင့်နဒီမောင်နဲ့အတူ ဝက်နံရိုးမီးတောက်ဟင်းလျာကို ချက်ပြုတ်ရောင်းချရင်း ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc

ပွင့်နဒီမောင်နဲ့ ထူးခြားတို့ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ကြိုးစားပမ်းစားလုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် ထူးခြားတို့ဇနီးမောင်နှံနဲ့ ပွင့်နဒီမောင်တို့ဇနီးမောင်နှံက အမြဲတမ်းသွားအတူ လာအတူရှိပြီး ပျော်ပျော်ရွှင်ရွှင််နေလေ့ရှိကြတာ ဖြစ်ပါတယ် ။ အခုလည်း ထူးခြားက လူစုံတက်စုံနဲ့ တပျော်တပါးကြီး Tik Tok ကစားထားတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr's FB Acc

ဒီဗီဒီယိုလေးမှာတော့ ထူးခြားတို့စုံတွဲနဲ့ ပွင့်နဒီမောင်တို့စုံတွဲက ကလေးတွေလိုပျော်ပျော်ပါးပါးကနေကြတာပဲ ဖြစ်ပါတယ် ။ မိုးရေထွက်ချိုးရင်း လမ်းမထက်မှာ အပီအပြင်ကနေတဲ့ သူတို့လေးယောက်ရဲ့ဗီဒီယိုလေးကို ကြည့်ရှုသူပရိသတ်တွေကလည်း သဘောကျနှစ်ခြိုက်နေကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ထူးခြားတို့စုံတွဲနဲ့ ပွင့်နဒီမောင်တို့စုံတွဲရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Htoo Charr Khaing Oo's Tik Tok Acc

Photo Credit-Htoo Charr's FB Acc
Photo Credit-Htoo Charr Khaing Oo's Tik Tok Acc
@htoocharrkhaingoo

/p> original sound - scott13corbett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။