ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော မြင့်မြတ်ကတော့ ကျရာဇာတ်ရုပ်တွေကို သဘာဝကျတဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူပါပဲ..။

မြင့်မြတ်ကတော့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းစာရင်းဝင် အကယ်ဒမီမင်းသားတစ်ဦးအဖြစ် ရပ်တည်နေသော်လည်း ပကာသနမဖက်တဲ့ သူ့ရဲ့ နေထိုင်မှုပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေက အချ်ပိုနေကြသူပဲ ဖြစ်ပါတယ်..။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

အလှူအတန်းတွေကိုလည်း အမြဲလက်မနှေးတဲ့ မြင့်မြတ်တို့ ဇနီးမောင်နှံကတော့ အခုတစ်ခါမှာလည်း ရပ်ကွက်မှာရှိတဲ့ သက်ကြီးရွယ်အိုများကို အလှူငွေနဲ့ စားသောက်ကုန်တွေ လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

မြောက်ဒဂုံ (၃၀)ရပ်ကွက်မှာရှိတဲ့ သက်ကြီးရွယ်အိုများကို အလှူငွေတွေ လှူဒါန်းခဲ့တဲ့ အပြင် ဆန်ဆီဆား ကြက်သွန်တွေကို လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်နော်.. ။

Photo Credit - Myat Wai Tun's Fb Account
Photo Credit - Myat Wai Tun's Fb Account

"အလှူဒါန

သရုပ်ဆောင် အကယ်ဒမီကိုမြင့်မြတ် + မခင်သူအောင်သား မောင်မြတ်သူမိသားစုမှ မြောက်ဒဂုံမြို့နယ် ၃၀ရက်ကွက် သက်ကြီးရွယ်အိုများကို ဆန်ဆီဆားကြက်သွန်နှင့် အလှူငွေများ လှူဒါန်းခဲ့ပါတယ်.. နတ်လူသာဓုခေါ်စေသော်.." ဆိုပြီး အလှူလေးကို ဝေမျှပြောပြထားတာပါ..။

ကြည်နူးသာဓုခေါ်စရာကောင်းလွန်းတဲ့ မြင့်မြတ်တို့ရဲ့ အလှဓလေးတွေကိုလည်း ပရိသတ်တွေက သဘောကျနေကြတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Myat Wai Tun's Fb Account

Source & Photo Credit - Myat Wai Tun's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။