ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ချစ်စရာကောင်းလွန်းတဲ့ ရင်သွေးလေးတွေနဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေကတော့ မင်းသမီးချောနန်းမြတ်ဖြိုးသင်းပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်အချစ်တွေနဲ့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ နန်းမြတ်လေးကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း မလစ်ဟင်းဘဲ အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် မိသားစုအပေါ် အချိန်ပေးဖြစ်နေတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Nann Myat Phyo Thinn's Fb Page
Photo Credit - Nann Myat Phyo Thinn's Fb Page

ကြည်နူးစရာမိသားစုပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အမြဲအားကျစေတဲ့ နန်းမြတ်လေးကတော့ အခုတစ်ခါမှာလည်း ညနေခင်းမိသားစုတွေ လမ်းလျှောက်ထွက်ခဲ့တဲ့ ပျော်စရာအမှတ်တရလေးတွေနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

မိသားစုတွေစုံစုံညီညီနဲ့ ညနေခင်းလမ်းလျှောက်ရင်း သားလေးဂျက်ဂျက် ခူးပေးတဲ့ ပန်းလေးကိုပန်ရင်း ပျော်နေတဲ့ သူမရဲ့အကြောင်းလေးကိုလည်း နန်းမြတ်လေးက ပြောပြထားပါသေးတယ်နော်..။

Photo Credit - Nann Myat Phyo Thinn's Fb Page
Photo Credit - Nann Myat Phyo Thinn's Fb Page

"ညနေလမ်းလျှောက်ရင်း ဂျက်လေးခူးပေးတဲ့ ပန်းနဲ့ ကျေနပ်နေသော မေမေနန်းပါ.." ဆိုပြီး မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေထားတာ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ နန်းမြတ်တို့မိသားစုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေသဘောကျနှစ်သက်နေကြမှာမို့ ပြန်လည်တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Nann Myat Phyo Thinn's Fb Page
Photo Credit - Nann Myat Phyo Thinn's Fb Page

Source & Photo Credit - Nann Myat Phyo Thinn's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။