Photo credit - liquipedia

TNC Predator အသင်းရဲ့ လက်ရှိ carry player Gabbi ရဲ့ နာမည်အရင်းကတော့ Kim Villafuerte ဖြစ်ပြီး သူဟာ ဖီလစ်ပိုင်နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Gabbi ရဲ့ birth date ကတော့ 1998 ခုနှစ် 8 လပိုင်း 1 ရက်နေ့ဖြစ်တာကြောင့် အခုဆိုရင် Gabbi ဟာ အသက် 21 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Gabbi dota 2 pro scene ပေါ်စရောက်လာတာကတော့ 2016 ခုနှစ်လောက်ကဖြစ်ပြီး Acion Arena အသင်းမှာ စတင်ကစားခဲ့တာပဲဖြစ်ပါတယ်။

2016 ခုနှစ် 9 လပိုင်းမှာတော့ Gabbi ဟာ Execration အသင်းကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2017 ခုနှစ် 3 လပိုင်းအကုန်ထိ ကစားခဲ့ပါတယ်။

Execration ကနေ ထွက်ထွက်ပြီးပြီးချင်းမှာပဲ Gabbi ဟာ Clutch Gamers ကိုပြောင်းရွှေ့ခဲ့ပြီး ၎င်းအသင်းမှာ 2017 ခုနှစ် 3 လပိုင်း 23 ရက်နေ့ကနေ 2017 ခုနှစ် 7 လပိုင်း 9 ရက်နေ့ထိကစားခဲ့ပါတယ်။

2017 ခုနှစ် 8 လပိုင်း အရောက်မှာတော့ Gabbi ဟာ Execration အသင်းကိုပြန်လည်ရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2018 ခုနှစ် 1 လပိုင်း အလယ်လောက်မှာတော့ Team Admiral ကိုပြောင်းရွှေ့ခဲ့ပါတယ်။

Team Admiral မှာတော့ Gabbi ဟာ လေးလလောက်သာကစားခဲ့ပြီး 2018 ခုနှစ် 5 လပိုင်းအစမှာ Clutch Gamers ကိုပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

Clutch Gamers အသင်းမှာလည်း Gabbi ဟာ လေးလလောက်သာကစားခဲ့ပြီး 2018 ခုနှစ် 9 လပိုင်း 6 ရက်နေ့မှာတော့ TNC Predator အသင်းကိုပြောင်းရွှေ့လာခဲ့ပါတယ်။

TNC Predator အသင်းကိုရောက်ရှိလာခဲ့ချိန်မှာတော့ Gabbi ဟာ အရင်တုန်းကထက် performance ကောင်းတွေပြသနိုင်လာသဆို အခုဆိုရင် SEA region က dota 2 players တွေကြားမှာ Gabbi ဟာ မသိတဲ့သူမရှိလောက်တဲ့ carry players တစ်ယောက်ဖြစ်နေပြီပဲဖြစ်ပါတယ်။

Gabbi ရဲ့ TNC အသင်းအနေနဲ့လည်း မနှစ်ကတော့ ပရိသတ်တွေ အားရကျေနပ်နိုင်တဲ့ performance ကောင်းတွေပြသနိုင်ခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ အနည်းငယ် performance တွေကျဆင်းနေတာကို တွေ့ရပါတယ်။

Source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။