Photo credit - Vpesports

Team Secret ရဲ့ core player Nisha ရဲ့ နာမည်အရင်းကတော့ Michal Jankowski ပဲဖြစ်ပါတယ်။

သူဟာ Poland နိုင်ငံသားတစ်ဦးဖြစ်ပြီး 2000 ခုနှစ် 9 လပိုင်း 28 ရက်နေ့မှာမွေးဖွားခဲ့သူဖြစ်တာကြောင့် အခုဆိုရင် အသက် 20 နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Nisha ဟာ အသက် 14 နှစ် 2014 ခုနှစ်လောက်ထဲက Let’s Do it အသင်းမှာ စတင်ကစားခဲ့တာဖြစ်သလို 2015 ခုနှစ် 3 လပိုင်းမှာတော့ Alternate aTTaX အသင်းမှာစတင်ကစားခဲ့ပါတယ်။

၎င်းအသင်းမှာ 2 နှစ်ကျော်လောက်ကစားပြီးတဲ့အချိန် 2017 ခုနှစ် 4 လပိုင်းမှာတော့ Nisha ဟာ Alternate aTTaX အသင်းကနေထွက်ခွာပြီး Let’s Do It အသင်းကိုပြန်လည်ပြောင်းရွှေ့ခဲ့ပေမယ့် တလ လောက်ပဲကစားပြီး ပြန်လည်ထွက်ခွာကာ Team Singularity ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်း အသင်းမှာ 3 လလောက်ကစားပြီးတဲ့အချိန်မှာဆိုရင်လည်း Nisha ဟာ Let’s Do It အသင်းကိုနောက်တကြိမ်ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

သို့ပေမယ့်လည်း Nisha ဟာ Let’s Do It မှာ တစ်လလောက်သာကစားခဲ့ပြီး Team Kinguin ကိုပြောင်းရွှေ့ခဲ့ပါတယ်။

၎င်း Team မှာတော့ Nisha ဟာ တနှစ်နီးပါးလောက်ကစားပြီးတဲ့အချိန် 2018 ခုနှစ် 6 လပိုင်းကုန်လောက်မှာတော့ နောက်ထပ်တစ်ကြိမ် Let’s Do It အသင်းကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ၎င်းအသင်းမှာ ကစားတာ 3 လလောက်ကြာမြင့်လာတဲ့အချိန် 2018 ခုနှစ် 9 လပိုင်း မှာတော့ Puppy ဟာ Nisha ကိုခေါ်ယူခဲ့တာကြောင့် Nisha အနေနဲ့ Team Secret ကိုရောက်ရှိလာခဲ့ပြီး ယနေ့အချိန်ထိ Team Secret မှာကစားနေဆဲပဲဖြစ်ပါတယ်။

အရင်ကတော့ Nisha ဟာ Team Secret မှာ carry ကစားတာဆိုပေမယ့် MATUMBAMAN ရောက်လာတဲ့အချိန်ကနေစတင်ပြီး Mid role ကိုပြောင်းလဲကစားခဲ့ပါတယ်။

Heros pool လည်းအရမ်းကျယ်တဲ့ Nisha ဟာ Team Secret ရဲ့ ကစားကွက်နဲ့ တော်တော်လေး အသားကျပြီး ယခုနှစ်ထဲမှာ ဝင်ရောက်ယှဥ်ပြိုင်တဲ့ tournaments 7 ခုဆက်တိုက်မှာ Champion ဆုကိုရယူထားနိုင်တဲ့ player တစ်ဦးပဲဖြစ်ပါတယ်။

ကစားသမားဘဝတစ်​ လျှောက်ရရှိထားတဲ့ ဆုကြေးငွေအနေနဲ့ဆိုရင်လည်း Nisha ဟာ $909,605 USD တောင်ရရှိထားပြီပဲ ဖြစ်ပါတယ်။

Myanmarload. .......

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။