ပရိသတ်ကြီးရေ.. မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်းကတော့ မိတ်ကပ်ပညာလောကမှာသာမကဘဲ အနုပညာပိုင်းမှာပါ ဇာတ်ကားတွေရိုက်ကူးထားပြီး အောင်မြင်စွာ ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက မိတ်ကပ်ပညာလောကမှာ နေရာတစ်ခု အခိုင်အမာရရှိထားတဲ့ မကြီးစန်းကတော့ တည်ငြိမ်ခန့်ညားတဲ့ ဟန်ပန်ပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကြား အမြဲရေပန်းစားနေတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Khin San Win's Fb Account

မကြီးစန်းကတော့ Covid ကာလ အခက်အခဲလေးတွေကို ပြောပြရင်း သူမကို လူတွေက ရှိန်ပြီး အလုပ်မအပ်ရဲကြတဲ့အတွက် နာမည်ကြီးထမင်းငတ် ဖြစ်နေတဲ့အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

“တစ်ခုရှိတာက မကြီးဆိုရင် လူတွေက ရှိန်ကြတယ် ရှိန်ပြီးတော့ အလုပ်တွေ မအပ်ရဲ့ကြဘူး မခေါ်ရဲကြဘူး ရှင်းရှင်းပြောရရင် မကြီးက နာမည်ကြီး ထမင်းငတ်ဖြစ်နေတာ အရှိန်အဝါတစ်ခုကို မကြီးကို ပိုပြီးတော့ မြှင့်တင်ပေးသလို ဖြစ်တယ် ဒါပေမယ့် တစ်ဖက်မှာလည်း အလုပ်မှာ မကြီးကို ရှိန်ပြီး မခေါ်ရဲကြဘူး..” ဆိုပြီး မကြီးစန်းက ပြောပြထားတာပါ..။

Photo Credit - Khin San Win's Fb Account
Photo Credit - Khin San Win's Fb Account

“ကလေးဘဝတုန်းကတော့ ဝါတွင်းဆိုရင် မင်းသမီးပြက္ခဒိန်ရိုက်တွေ ဘာတွေကို ကိယ်က မိတ်ကပ်လိုက်လိမ်းရင်းနဲ့ ပြက္ခဒိန်ရိုက်လို့ရတဲ့ ပိုက်ဆံနဲ့ ရှင်သန်ရတာပေါ့ အခုခေတ်ကတော့ ပြက္ခဒိန်သိပ်မရိုက်ကြတော့ဘူး ရိုက်တဲ့အထဲမှာလည်း လိမ်းနေကျ မိတ်ကပ်ဆရာနဲ့ပဲ လိမ်းကြတာ ကိုယ်တွေဆီကို မလာဘူး..” ဆိုပြီးတော့လည်း အခက်အခဲလေးတွေကို ပြောထားပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. သူမရဲ့ အကြောင်းလေးတွေနဲ့ ပတ်သက်ပြီး ပြောပြထားတဲ့ မကြီးစန်းရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Khin San Win's Fb Account

Photo Credit - Khin San Win's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။