ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးချစ်မှုတွေကို ရရှိထားပြီး ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတာပါ..။

သရုပ်ဆောင်ကောင်းသလို ချစ်စရာလည်း ကောင်းပြီး စကားပြောပွင့်လင်းတာလေးတွေကလည်း ယောကျ်ားလေး မိန်းကလေး ပရိသတ်တွေမရွေး အားလုံးကို ချစ်ခင်စေပြီး အောင်မြင်တဲ့ အနုပညာရှင်မင်းသမီးချောလေးအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit – Thu Rein Photography
Photo Credit – Saung Yoon San’s Fb Account

ဆောင်းယွန်းလေးကတော့ လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်နေပြီး သူမရဲ့အလှူလေးတွေ အကြောင်းပြောပြရင်း အရင်က ခဏခဏအလိမ်ခံရတဲ့အကြောင်းလေးကိုလည်း ပြောပြလာပါတယ်နော်..။

ခဏခဏအလိမ်ခံရတာမို့ ကြာလာတော့ လှူရမှာကိုတောင် ကြောက်လာပြီး အခုနောက်ပိုင်းတွေမှာတော့ ကိုယ်တိုင်လိုက်သွားပြီး သေချာမေးပြီးတော့မှ လှူဖြစ်သလို အဖိုးအဖွားတွေကို ပိုပြီး လှူဖြစ်တဲ့အကြောင်းလေးတွေကိုလည်း ဆောင်းယွန်းက ပြောပြထားတာပါ..။

Photo Credit – Thu Rein Photography
Photo Credit – Saung Yoon San’s Fb Account

အခုနောက်ပိုင်း အလှူတွေ ပိုပြီးလှူဖြစ်တဲ့ အကြောင်းကိုလည်း “အရင်တုန်းကဆိုရင် ကိုယ်က ကလေးစိတ်လည်း ကလေးစိတ်ဆိုတော့ ပိုက်ဆံဆိုရင် သုံးဖို့လောက်ပဲသိတာ သုံးတယ်ဖြုန်းတယ် ပစ္စည်းတွေ ဝယ်တယ် မုန့်တွေစားတယ် အလှူကိုဆို လာပြီးအလှူခံတဲ့သူလောက်ပဲ လှူဖြစ်တယ် အခုနောက်ပိုင်းကျတော့ COVID ဖြစ်သွားတဲ့ အချိန်မှာ လူတွေအများကြီး ဒုက္ခရောက်ကြတယ် အဆင်မပြေတဲ့ ဘဝတွေ အများကြီးပဲတွေ့တယ် တွေ့တော့ လှူချင်စိတ်ပေါက်လာတယ် အရင်တုန်းက သုံးခဲ့ဖြုန်းခဲ့တာတွေကို အခုချိန်မှာ ပြန်ပြီးလှူဖြစ်တယ် လိမ္မာသွားတာပေါ့..” ဆိုပြီး ဆောင်းယွန်းလေးက ပြောပြထားတာ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ အလှူအတန်းတွေ ပိုပြီး လုပ်ဖြစ်နေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ဆောင်းယွန်းစံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Saung Yoon San’s Fb Account
Photo Credit – Saung Yoon San’s Fb Account

Photo Credit – Saung Yoon San’s Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။