မင်းသမီးချောလေး အေးမြတ်သူကတော့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ဟန်ဆောင်မှုကင်းပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ် ။ အေးမြတ်သူက စကားပြောတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သလို မာန်မာနမရှိဘဲ ရိုးရိုးရှင်းရှင်း နေထိုင်လေ့ရှိတာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း အေးမြတ်သူက စိတ်ပျိုကိုယ်နုဆိုသလို အခုချိန်အထိ လူငယ်လေးတစ်ယောက်လို ငယ်ရွယ်နုပျိုနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

အေးမြတ်သူက ကျန်းမာရေးလိုက်စားသူလေးဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်လေ့ရှိတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင်လည်း အေးမြတ်သူက ယောဂလေ့ကျင့်နေတာ ဖြစ်ပါတယ် ။ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတဲ့ အေးမြတ်သူက အခုလည်း ကိုယ်တိုင်သွေးလှူခဲ့သလို ပရိသတ်တွေကိုပါ သွေးလှူကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ် ။

Photo Credit-Aye Myat Thu's FB Page
Photo Credit-Aye Myat Thu's FB Page
Photo Credit-Aye Myat Thu's FB Page

အေးမြတ်သူက "ကျန်းမာပြီး (၄)လအတွင်း သွေးလှူထားတာမရှိဘူးဆိုရင် ချစ်ရသူတို့အတွက် အဆင်ပြေမယ်ဆိုရင် အမျိုးသားသွေးလှူဘဏ်မှာ သွေးလေးလှူပေးဖို့ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်ရှင် ဒီကာလအတွင်းမှာ သွေးအလှူရှင်တွေ လိုအပ်နေလို့ပါရှင့် လုပ်ချင်ရာလည်း လုပ်တယ် လုပ်သင့်တာလည်းလုပ်တယ် ကိုယ့်ဘဝကိုယ့်စိတ်ကြိုက် ရှင်သန်ကြမယ်" ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ ကဲ သွေးလှူပြီး ကုသိုလ်ယူခဲ့တဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Aye Myat Thu's FB Page

Photo Credit-Aye Myat Thu's FB Page
Photo Credit-Aye Myat Thu's FB Page
Photo Credit-Aye Myat Thu's FB Page
Photo Credit-Aye Myat Thu's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။