ပရိသတ်တွေရဲ့ အချစ်တွေကို ယနေ့ချိန်ထိ ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီး နန္ဒာလှိုင်ပဲ ဖြစ်ပါတယ်။ သူမဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း အနုပညာလောကမှ အပြီးတိုင် အနားယူသွားပြီး သမီးလေးတွေကိုသာ အချိန်အပြည့်အဝပေးနေတဲ့ နန္ဒာရဲ့ မိခင်စိတ်ကို အားကျနေကြတာလည်း ဖြစ်ပါတယ်။

Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account

နန္ဒာဟာ လတ်တလော Stay Home ကာလမှာ သမီးလေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို အတူဖြတ်သန်း ကုန်ဆုံးနေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမချစ်ရတဲ့ ပရိသတ်တွေကိုလည်း ကျန်းမာရေးဂရုစိုက်ရန် အမြဲတိုက်တွန်းပြောကြားနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း နန္ဒာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လတ်တလောမှာ ဖြစ်ပွားနေတဲ့ ရောဂါပိုးနဲ့ ပတ်သက်ပြီး မပေါ့သင့်ကြောင်း အခုလိုပဲ ရေးသားထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account

" Positive ဖြစ်နေတဲ့သူကိုကြောက်ရမှာထက်Positive ဖြစ်နေမှန်းမသိဘဲဘေးပတ်ဝန်းကျင်ကိုကူးစက်သွားမှာကိုပိုကြောက်ရမှာပါ

ဒီရောဂါကအရမ်းကိုကြောက်စရာကောင်းပါတယ်

နေ့မြင်ညပျောက်မဟုတ်ပါဘူး အခုမြင်အခုပျောက်ပါ

ငယ်ရွယ်တယ် ကျန်းမာတယ် သန်စွမ်းတယ်ဆိုပြီးမပေါ့ဆပါနဲ့

ရောဂါအခံတစ်ခုခုရှိသူတွေပိုအရေးကြီးပါတယ်

သတိထားကြပါ မဖြစ်အောင်ကြိုတင်ကာကွယ်ကြပါ ဖြစ်ပြီဆိုလည်း လုပ်သင့်လုပ်ထိုက်တာကိုလုပ်ကြပါ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Nandar Hlaing’s Facebook Account 

Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account
Photo Crd- Nandar Hlaing’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။