Photo credit- liquipedia

Ramzes ဟာ Ti 9 အပြီးမှာ သူ သုံးနှစ်လောက်ကစားလာတဲ့ Virtus.pro ကိုစွန့်ခွာပြီး Evil Geniuses ကိုပြောင်းရွှေ့ပါတယ်။

Ramzes ဟာ သူကစားနေကြ carry role ကိုစွန့်ပီး EG ကို offlaner အဖြစ်ပြောင်းရွှေ့ခဲ့တာဆိုတော့ ဒီပြောင်းရွှေ့မှုဟာ Dota 2 ပရိသတ်တွေကြားမှာ တော်တော်လေး စိတ်ဝင်စားမှုများခဲ့တာကို တွေ့ရပါတယ်။

Ramzes ဟာ EG မှာ offlaner role ကို ကစားခဲ့အခါမှာ ပွဲအတွင်းဆုံးဖြတ်ချက်တွေချတဲ့အခါမှာ အနည်းငယ်တုန့်ဆိုင်းနေတာမျိုးတွေ တွေ့ရသလို တချို့သောဆုံးဖြတ်ချက်တွေကလည်း carry player ဆန်နေတာမျိုးတွေ ဖြစ်နေတတ်ပါတယ်။

Ramzes ဟာ တကယ်ကောင်းတဲ့ carry player တစ်ဦးဆိုပေမယ့် offlane role ကိုပြောင်းကစားတဲ့အခါမှာတော့ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။

ဒါ့အပြင် Ramzes ဟာ သူနေတဲ့ Russia ကနေ EG ရှိရာ North America ကိုသွားရောက်ကစားရတာဆိုတော့ လက်ရှိ Covid-19 ဖြစ်ပွားနေတဲ့ ကာလမှာ ခရီးသွားလာဖို့အတွက်ခက်ခဲနေပြီး tournaments အချို့ကို EG နဲ့အတူ ဝင်ပြိုင်ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိအချိန်မှာဆိုရင်လည်း Ramzes ဟာ EG နဲ့ချုပ်ဆိုထားတဲ့ တနှစ်စာချုပ်ကပြည့်နေပီဆိုတော့ Virtus.pro ကိုပြန်ရောက်ကောင်း ရောက်လာနိုင်ပါတယ်။

Virtus.pro အနေနဲ့ဆိုရင်လည်း လက်ရှိမှာ carry player ကောင်းတစ်ယောက်ကိုလိုအပ်နေတာဆိုတော့ Ramzes ကိုပြန်လည်ခေါ်ယူကောင်းခေါ်ယူနိုင်ပါတယ်။

သို့ပေမယ့် ဒါဟာကောလဟာလအဆင့်သာရှိသေးတာကြောင့် တကယ်ဖြစ်လာမလားဆိုတာက စောင့်ကြည့်သွားရမှာပါပဲ။

Photo credit - Virtus.pro twitter

Source -afk gaming

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။