မင်းသမီးချောလေး ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့အပြုံးလေးတွေနဲ့ အရမ်းလှနေတာပဲ ဖြစ်ပါတယ် ။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေနဲ့ စတင်အောင်မြင်လာခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ သရုပ်ဆောင်အဖြစ်ပါ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ဖြူဖြူထွေးက ကြော်ငြာတွေ အများအပြားရိုက်ကူးပြီး အနုပညာလောကမှာ နာမည်ရအောင်မြင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Credit-Amazing Grace

ဖြူဖြူထွေးက စိတ်ထားကောင်းသလို ရုပ်ရည်လေးကလည်း ချောမောလှပတာကြောင့် ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေကပါ သူမကိုချစ်ခင်အားပေးကြတာ ဖြစ်ပါတယ် ။ တစ်နေ့တခြားပိုလှလာတဲ့ ဖြူဖြူထွေးက မြန်မာဝတ်စုံလေးတွေနဲ့ဆိုရင် အရမ်းလှသလို ခေတ်ပေါ်ဖက်ရှင်လေးတွေနဲ့လည်း လိုက်ဖက်နေတာ ဖြစ်ပါတယ် ။ အခုလည်း ဖြူဖြူထွေးက အပြတ်အသတ်လန်းနေတဲ့ပုံစံလေးနဲ့ အပီအပြင် Tik Tok ကစားထားတာ ဖြစ်ပါတယ် ။

Photo Credit-Amazing Grace
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက English သီချင်းလေးတစ်ပုဒ်ကို ဟန်ပန်အပြည့်နဲ့သီဆိုရင်း Tik Tok ဗီဒီယိုလေးကို ရိုက်ကူးထားတာ ဖြစ်ပါတယ် ။ ရင်ခုန်စရာကောင်းတဲ့အမူအရာလေးတွေလုပ်ပြထားတဲ့ ဖြူဖြူထွေးက ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's Tik Tok Acc
@phyuhtwe777

original sound - Phyu Phyu Htwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။