ပရိသတ်ကြီးရေ.. သီချင်းကောင်းလေးတွေများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်အဆိုတော်တစ်ဦးအဖြစ် အခိုင်အမာရပ်တည်နေသူကတော့ နိုင်းဝမ်းပဲ ဖြစ်ပါတယ်နော်..။

လူငယ်ပရိသတ်တွေအကြိုက် သီချင်းကောင်းလေးတွေဖန်တီးတတ်တဲ့ နိုင်ဝမ်းကတော့ အာရုံကြောညှပ်ရောဂါအတွက် ဆေးကုသမှုခံယူနေရပါတယ်နော်..။

Photo Credit - Kyaw Zin Latt's Fb Account
Photo Credit - Kyaw Zin Latt's Fb Account

အာရုံကြောညှပ်ရောဂါအတွက် ဆေးကုသမှုခံယူနေရာကနေ သွေးစစ်ကြည့်လိုက်လို့ နောက်ထပ်ရောဂါတစ်ခုပါ ထပ်ဖြစ်နေလို့ နိုင်းဝမ်းတစ်ယောက် စိတ်ညစ်နေတဧ့အကြောင်းလေး ရင်ဖွင့်ပြောပြလာပါတယ်နော်..။

လေးဘက်နာရောဂါ ထပ်ဖြစ်နေတာဖြစ်ပြီး ဆေးတွေအများကြီးကို လပေါင်းများစွာ ထပ်သောက်ရဦးမှာမို့ စိတ်ညစ်နေတဲ့အကြောင်းလေးကို ပြောပြထားတာပါ..။

Photo Credit - Kyaw Zin Latt's Fb Account
Photo Credit - Kyaw Zin Latt's Fb Account

"အာရုံကြောညှပ်ရောဂါအတွက် ဆေးသွားကုနေရာက လေးဘက်နာစစ်ကြည့်လိုက်ပါဆိုလို့ သွေးထပ်စစ်လိုက်တာ ပိုးလေးဘက်နာရောဂါပါဖြစ်နေတယ်ဗျာ..

စိတ်လေတယ်..

ရောဂါသည်ကြီးလို လပေါင်းများစွာဆေးတွေ သောက်ရပေဦးမယ်.." ဆိုပြီး ပြောပြထားတာပါ..။

ပရိသတ်တွေကလည်း အဆိုတော် နိုင်းဝမ်းကို အားပေးစကားလေးတွေပြောထားကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Kyaw Zin Latt's Fb Account
Photo Credit - Kyaw Zin Latt's Fb Account

Source & Photo Credit - Kyaw Zin Latt's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။