စိုးပြည့်သဇင်ကတော့ ပရိသတ်တွေရဲ့ အချစ်တော်မင်းသမီးလေးတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာဖြစ်ပါတယ် ။ အပြစ်ပြောစရာမရှိအောင် ချောမောလှပတဲ့မင်းသမီးလေးက ဖက်ရှင်ကျသူလေးတစ်ဦးလည်းဖြစ်ပြန်ပါတယ် ။ အချိုးအစားကျနတဲ့ ကိုယ်လုံးလေးနဲ့ သူမဝတ်သမျှက ပွဲတိုင်းမှာ ထင်ပေါ်နေတာကြောင့် မိန်းကလေးပရိသတ်တွေ အားကျနှစ်သက်နေရတဲ့ မင်းသမီးချောလေးတစ်ယောက်လည်းဖြစ်ပါတယ်။

Photo Credit : Soe Pyae Thazin Facebook Page
Photo Credit : Soe Pyae Thazin Facebook Page

စိုးပြည့်သဇင်ကတော့ ရုပ်ရည်လေးက ချောမောလှပသလို အသံလေးကလည်း သာယာချိုမြလွန်းသူလေး ဖြစ်ပါတယ်။ အချိန်တွေအကြာကြီး ပရိသတ်အားပေးမှုရရှိထားတဲ့ စိုးပြည့်သဇင်က အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။လတ်တလောမှာလည်း အသည်းယားစရာအမူအရာလေးတွေပေးကာ ချစ်စရာကောင်းလောက်အောင် ရိုက်ထားတဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Soe Pyae Thazin Facebook Page
Photo Credit : Soe Pyae Thazin Facebook Page

ပုံလေးထဲမှာ စိုးပြည့်တစ်ယောက် အရမ်းချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် စိုးပြည့်ရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ပရိသတ်ကြီးကလည်းစိုးပြည့်ရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။စိုးပြည့်လည်း ရှေ့ဆက်ပြီး ဒီထက်မကအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Soe Pyae Thazin Facebook Page
Photo Credit : Soe Pyae Thazin Facebook Page

Source & Photo Credit : Soe Pyae Thazin Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။