အကယ်ဒမီတွေအများကြီးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ မင်းသားချောရန်အောင်‌ဟာဆိုရင် အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေတာလည်း ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။ရန်အောင်က အနုပညာလောကမှာ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်အဖြစ်ရပ်တည်နေပြီး လူငယ်တွေကိုမြေတောင်မြှောက်ပေးနေတာဖြစ်ပါတယ်။တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ခဲ့တဲ့ရန်အောင်ကတော့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားပါတယ်နော်။

Photo Credit:Yan Aung's Facebook Account
Photo Credit:Yan Aung's Facebook Account

ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုပြီး ခန့်ညားနေဆဲဖြစ်တဲ့ ရန်အောင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ရန်အောင်က မိဘ‌အပေါ်မှာလည်း သိတတ်လိမ္မာတဲ့သားလေးဖြစ်လို့ ‌မိခင်ကိုလည်း အမြဲရိုသေပါတယ်နော်။ရန်‌အောင်ကတော့ အလှူအတန်းကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။

Photo Credit:Yan Aung's Facebook Account
Photo Credit:Yan Aung's Facebook Account

ရန်အောင်ကတော့ ဟိုးအရင်ကတည်းက ချောမောခဲ့တာကြောင့် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားတစ်လက်ပါနော်။အခုဆိုရင်တော့ ရန်အောင်က"၄နှစ်သား နဲ့ ၅၄နှစ်သား"အပူအပင်ကင်းတဲ့"ကလေး လေးဘဝကို တစ်ခါပြန်ပြီးရချင်သေးတယ်(တစ်ခါတလေပေါ့)ခုချိန်ကိုတော့ ပိုသဘောကျပါတယ်၊ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံတွေကို ဖြတ်သန်း/ပြင်ဆင်/ဆင်ခြင် ပြီးမှ ရခဲ့တာတွေမို့လို့...(ကျန်းမာချမ်းသာပြီး ရောဂါကပ်ဘေး ကင်းရှင်းကြပါစေ..)ဆိုပြီး ငယ်ဘဝအမှတ်တရပုံလေးနဲ့အတူ မျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit:Yan Aung's Facebook Account
Photo Credit:Yan Aung's Facebook Account

Source&Photo Credit:Yan Aung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။