ပရိသတ်ကြီးရေ ဂီတလောကမှာ မြန်မာသံစဥ်တေးသီချင်းတွေနဲ့ အောင်မြင်မှုတွေရရှိနေတဲ့သူကတော့ အဆိုတော် ပန်းအိဖြူပဲဖြစ်ပါတယ်။ သူမဟာ အသံအချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်အောင် သီဆိုတတ်ကာ တမူထူးခြားတဲ့ အဆိုရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ပန်းအိဖြူဟာ ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုပဲ ပိုပြီးဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိတဲ့ ဆံနွယ်ရှည်လေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့သူပဲဖြစ်ပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

လက်ရှိမှာတော့ ပန်းအိဖြူဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး စတင်ဘာလ ၁၀ ရက်နေ့တုန်းကလည်း သူမရဲ့ သားဦးလေးကို မွေးထားခဲ့ပါတယ်။ ဒါ့အပြင် သားလေး ရဲ့ ချစ်စရာပုံရိပ်လေးတွေကိုလည်း ပန်းအိဖြူ က ပရိသတ်တွေအတွက် ဖော်ပြပေးပါတယ်။ ယခုမှာဆိုရင်လည်း ပန်းအိဖြူက သူမရဲ့ ပုံလေးတွေနဲ့အတူ သားလေးကို ချစ်ပေးတဲ့အပြင် သတိထားရမယ့်အရာလေးတွေကို ပြောပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

"မင်္ဂလာပါရှင်... သားသားလေးပဲ ဝိုင်းချစ်နေကြလို့ မေမေပန်းအိ ပုံလေးလည်း တင်ပါရစေဦးနော်... ချစ်ခင်သူများက သွေးသားနုချိန်မှာ ဖုန်းမသုံးဖို့ စေတနာနဲ့ သတိပေးကြတဲ့အတွက် ပန်းအိ ပုံလေးပဲတင်ပြီး ဖုန်းအကြာကြီး မကြည့်ပါဘူးလို့ စေတနာစကားတွေကို အလေးအနက်ထားကြောင်း ပြောပါရစေရှင့်....ပြီးတော့ သားသားလေးကိုလည်း ပုံတွေ ခဏခဏ မရိုက်ဖို့ သတိပေးကြတာကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် ခဏခဏ မရိုက်ပါဘူး ရိုက်ရင်လည်း Flash ပိတ်၊ အသံလေးပါ ပိတ်ပြီး ရိုက်ပါတယ်လို့နော်....ချစ်ခင်စွာ စေတနာနဲ့ ပြောပြပေးကြတဲ့အတွက် အားလုံးကို လေးစားချစ်ခင် ကျေးဇူးတင်လျက်ပါရှင်... "ဆိုပြီး ရေးသားထားပါသေးတယ်။

Photo Credit - Pann Ei Phyu Vocalist fb account
Photo Credit - Pann Ei Phyu Vocalist fb account

Photo Credit - Pann Ei Phyu Vocalist fb account

Source - Pann Ei Phyu Vocalist fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။