နှစ်တွေအတော်ကြာတဲ့အထိ မိတ်ကပ်ဖန်တီးရှင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့ပြီး အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားသူကတော့ make-Up Artist ခင်စန်းဝင်းပဲ ဖြစ်ပါတယ်။ သူမကိုတော့ အားလုံးက ချစ်စနိုးနဲ့ မကြီးစန်းလို့ ခေါ်ဆိုကြတာပဲ ဖြစ်ပါတယ်။ သူမဟာ မိန်းကလေးတိုင်းကို အလှပဆုံးဖြစ်အောင် ခြယ်မှုန်းပေးရုံသာမကဘဲ နာမည်ကြီး မင်းသမီးတော်တော်များများရဲ့ ပင်တိုင် Make-Up Artist တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Khin San Win’s Facebook Account
Photo Crd- Khin San Win’s Facebook Account
Photo Crd- Khin San Win’s Facebook Account

မကြီးစန်းဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက် ဖြစ်ရုံမကဘဲ သရုပ်ဆောင်ဘက်မှာပါ အပြစ်ပြောစရာမရှိအောင် Acting ကောင်းသူ တစ်ယောက်ပါ။ သူမရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ရုံတင်ရန် ကျန်ရှိနေပြီး ပရိသတ်တွေကလည်း ကြည့်ရှုအားပေးရန် စောင့်မျှော်နေကြတာလည်း ဖြစ်ပါတယ်။ မကြီးစန်းဟာ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ ရှိသူ တစ်ယောက်ပါ။

Photo Crd- Khin San Win’s Tik Tok Account
Photo Crd- Khin San Win’s Tik Tok Account
Photo Crd- Khin San Win’s Tik Tok Account

အားလပ်ချိန်များမှာလည်း Tik Tok လေးတွေဆော့ကစားလေ့ ရှိတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ခန္ဓာကိုယ်လေးကိုလှုပ်လှုပ်ပြီး မြင်သူတိုင်းကြွေသွားလောက်စေမယ့် ခင်စန်းဝင်းရဲ့Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khin San Win’s Facebook and Tik Tok Account 

@khinwin7

ရောမမြို့ကိုအကြွေးနဲ့ဝယ်မယ်

♬ original sound - Khin Win575

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။