မင်းသားချောရဝေအောင်ကတော့ တစ်ချိန်ကအောင်မြင်​ကျော်ကြားလူကြိုက်များခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာယူထားနိုင်ခဲ့တဲ့ ရဝေအောင်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ပြီး ယခုမှာ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ကိုင်လျက်ရှိနေပါတယ်။ 

Photo Credit: Yawai Aung ' s Facebook Acc
Photo Credit: Yawai Aung ' s Facebook Acc

ရဝေအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့ပြီး ချောမောလှတဲ့ ရုပ်ရည်ကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ မင်းသားချောလေးရဝေအောင်ရဲ့ မွေးနေ့ရက်မြက်လေးပဲဖြစ်ပြီး ချစ်ခင်ရတဲ့ ပရိသတ်တွေ သူငယ်ချင်းတွေက မွေးနေ့ဆုမွန်​ကောင်းတွေကိုယ်စီတောင်းပေးထားကြပါတယ်။ ရဝေအောင်ကတော့ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိပါတယ်။

Photo Credit: Yawai Aung ' s Facebook Acc
Photo Credit: Yawai Aung ' s Facebook Acc

ရဝေအောင်ကတော့ ယခုမှာ ငယ်စဥ်ကအရမ်းချစ်စရာကောင်းခဲ့သလို ယနေ့ချိန်မှာလည်းနုပျိုလှပပြီး ခန့်ချောကြီးချောနေတဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။ ရဝေအောင်ရဲ့ ကြွေလောက်စရာကောင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေးရဝေအောင်ရဲ့ ငယ်ဘဝပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Yawai Aung ' s Facebook Acc 

Photo Credit: Yawai Aung ' s Facebook Acc
Photo Credit: Yawai Aung ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။