မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ် ။ အိမ်ထောင်ကျပြီး နောက်ပိုင်းမှာတောင် ကြော်ငြာလေးတွေ ရိုက်ကူးနေဆဲဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းက သားလေးတစ်ယောက် ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် နန်းမြတ်ဖြိုးသင်းက ဒုတိယမြောက်ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုပါ ကိုယ်ဝန်လွယ်ထားရတာ လေးလကျော်ရှိနေပြီလည်း ဖြစ်ပါတယ် ။

Photo Credit--Nann Myat Phyo Thinn's FB Acc
Photo Credit--Nann Myat Phyo Thinn's FB Acc
Photo Credit--Nann Myat Phyo Thinn's FB Acc

အိမ်ထဲမှာပဲ မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာနေထိုင်နေတဲ့ နန်းမြတ်ဖြိုးသင်းက အခုလည်း လေးစားချင်စရာကောင်းတဲ့ အလုပ်လေးတစ်ခုကို လုပ်ပြလိုက်တာ ဖြစ်ပါတယ်။ Volunteer တွေအများအပြားလိုအပ်နေတဲ့ အခုလို Covid ကာလမှာ နန်းမြတ်ဖြိုးသင်းက ဆရာဝန်တစ်ဦးပီပီ တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနိုင်ဖို့ Form ဖြည့်လိုက်တာ ဖြစ်ပါတယ်။ ဒီအလုပ်ကတော့ Quarantine Center တွေကနေ သိလိုသမျှမေးမြန်းမှုတွေကို ပြန်လည်ဖြေကြားပေးရမှာဖြစ်ပြီး Work From Home လုပ်လို့ရတာလည်း ဖြစ်ပါတယ် ။

Photo Credit--Nann Myat Phyo Thinn's FB Page
Photo Credit--Nann Myat Phyo Thinn's FB Acc
Photo Credit-Danamoe Pyin Oo Lwin . D Audio & Video Productionn

ဒီအကြောင်းကို နန်းမြတ်ဖြိုးသင်းက " ကိုယ်ကတော့ volunteer လုပ်ဖို့ formဖြည့်လိုက်ပြီ ဆရာဝန်သူငယ်ချင်းတွေကို မျှဝေတိုက်တွန်းပါတယ် Edit စိတ်မပူကြပါနဲ့နော် ကိုယ်ဝန်နဲ့ဆိုတော့ ပိုပြီးကိုယ့်ကိုကိုယ်ဂရုစိုက်ပါတယ် ဆရာဝန်တစ်ယောက်ဖြစ်တော့ ဒီလိုချိန်မှာ အရမ်းကူညီချင်နေတာပါ ဒါပေမယ့် ကိုယ်က risk group ဆိုတော့မလုပ်နိုင်ဖြစ်နေတာ ဒီ call center အလုပ်ကတော့ work from home ဖြစ်လို့ အားတက်သရော ကူညီချင်တာ လောသွားလို့အားလုံးကိုစိတ်ပူစေမိသွားတယ် တောင်းပန်ပါတယ်" ဆိုပြီး တင်ထားတာပဲ ဖြစ်ပါတယ် ။ ကဲ Volunteer လုပ်မယ့် နန်းမြတ်ဖြိုးသင်းရဲ့အကြောင်းကိုချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

Source & Photo Credit-Nann Myat Phyo Thinn's FB Acc

Photo Credit--Nann Myat Phyo Thinn's FB Acc
Photo Credit--Nann Myat Phyo Thinn's FB Page
Photo Credit--Nann Myat Phyo Thinn's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။