ပရိသတ်ကြီးရေ မင်းသမီးချော မေကဗျာ ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ သူပဲဖြစ်ပါတယ်။ မေကဗျာဟာ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း များစွာ ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ မင်းသမီးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ မေကဗျာက အနုပညာအလုပ်တွေကို လုပ်ကိုင်တာ မတွေ့တော့ပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုသာဦးစားပေး လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit- May Kabyar fb page
Photo Credit- May Kabyar fb page

မေကဗျာဟာ ယနေ့အချိန်ထိ ရှိရင်းစွဲအသက်ထက် အရွယ်တင်နုပျိုနေတာဖြစ်ပြီး ဆယ်ကျော်သက်တစ်ယောက်လို လှနေတဲ့မင်းသမီးပဲဖြစ်ပါတယ်။ ဒါ့အပြင် မေကဗျာ က သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း မေကဗျာ က ပျိုမေလေးတွေအားကျသွားရမယ် ချစ်စရာ ပုံရိပ်လေးတွေကို ချပြလာခဲ့ပါတယ်။

Photo Credit- May Kabyar fb page
Photo Credit- May Kabyar fb page

ဒီပုံလေးတွေထဲမှာတော့ မေကဗျာဟာ လွတ်လပ်ပေါ့ပါးတဲ့ အလန်းစားဖက်ရှင်ဝတ်စုံလေးကို ဝတ်ဆင်ပြီး အမိုက်စားကားသစ်ကြီးနဲ့အတူ အထာကျကျ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖက်ရှင်ဝတ်စုံလေးကလည်း သူမနဲ့လိုက်ဖက်နေပြီး ဆယ်ကျော်သက်လေးလို ထင်မှားရလောက်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အလန်းစားပုံလေးတွေနဲ့ ပရိသတ်တွေချစ်အားပိုအောင် ဖမ်းစားထားတဲ့ မေကဗျာ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit- May Kabyar fb page

Source - May Kabyar fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။