ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချော ခင်ဝင့်ဝါက စတင်ဘာလ ၂၁ ရက်နေ့က အသက် ၂၆ နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးဟာ လက်ရှိ ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာဖြစ်နေတာကြောင့် မွေးနေ့ပွဲလေးကို အိမ်မှာပဲရိုးရိုး ဖြတ်သန်းခဲ့ရပါတယ်။ ဒါ့ပေမဲ့လည်း သူမကို ချစ်တဲ့ မန္တလေးကပရိသတ်တွေက မွေးနေ့အတွက် ကောင်းမှုကုသိုလ်လေးတွေကို ပြုလုပ်ပေးခဲ့တဲ့ အလှူပုံရိပ်လေးတွေအပြင် အိမ်မှာပြုလုပ်ခဲ့တဲ့ အလှူပုံလေးတွေကို ပေးလာခဲ့ပါတယ်။

Photo Credit - Khin Wint Wah fb Page
Photo Credit - Khin Wint Wah fb Page
Photo Credit - Khin Wint Wah fb Page

မင်းသမီးချောလေး ခင်ဝင့်ဝါက သူမရဲ့ မွေးအလှူလုပ်ပေးတာနဲ့ ပတ်သက်ပြီး ပြေပြရာမှာလည်း "မနေ့က ခေးမွေးနေ့မှာ မွေးနေ့ဆုတောင်းပေးတဲ့ ချစ်ရတဲ့ပရိသတ်တွေ (Our Beloved Khay Group ) ချစ်ရတဲ့သူငယ်ချင်းတွေ နဲ့ ချစ်ရတဲ့ လုပ်ဖော်ကိုင်ဖက် မောင်နှမတွေ အကုန် အယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်တယ်နော်...ခေးရဲ့ ဒီနှစ် မွေးနေ့ကို Stay homeရင်း အိမ်မှာပဲ ရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းဖြစ်တယ် (‌မမျှော်လင့်ထားဘဲ Surprise တကယ်ဖြစ်သွားလို့ လုပ်ပေးကြတဲ့သူတွေအကုန်လုံးအရမ်းချစ်)....

Photo Credit - Khin Wint Wah fb Page
Photo Credit - Khin Wint Wah fb Page
Photo Credit - Khin Wint Wah fb Page

ပြီးတော့ မွေးနေ့မှာ အိမ်မှာနေရင်း ခေးအရမ်းလုပ်ချင်တဲ့အလှူလေးတွေကိုအထ မြောက်အောင် ဝိုင်းဝန်းကူညီပေးတဲ့(မန္တလေး မှ ချစ်ရတဲ့ အစ်မ မားသီနဲ့ မားသူ ) သူတွေအကုန်လုံးကိုလည်း ကျေးဇူးကမ္ဘာနော်....ခေးကို အမြဲချစ်ပေးတဲ့ သူတွေကြောင့် မွေးနေ့လေးမှာ အမှတ်တရတွေ နဲ့ အမြဲပျော်ရပါတယ်။ အမြဲချစ်ပေးတဲ့အတွက်ရော မွေးနေ့ဆုတောင်းတွေ အတွက်ရော ထပ်လောင်းကျေးဇူးပါနော်... ချစ်ရတဲ့သူတွေ အားလုံးလည်း ကျန်းမာရေးဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင် အစားများများစားပေးကြနော်... ချစ်တဲ့ခေး "ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း အသက် ၂၆ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ ခင်ဝင့်ဝါကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်.. ။

Photo Credit - Khin Wint Wah fb Page
Photo Credit - Khin Wint Wah fb Page
Photo Credit - Khin Wint Wah fb Page

Photo Credit - Khin Wint Wah fb Page

Source -Khin Wint Wah fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။