ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ဆုပန်ထွာကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်နေပြီး အောင်မြင်မှုတွေ များစွာရရှိထားတဲ့ သူလေးပါ။ ဆုပန်ထွာက တစ်ချိန်က ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်လုပ်ကိုင်ခဲ့ရတဲ့ သူပဲဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဆုပန်ထွာက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားတာပဲဖြစ်ပါတယ်.......။

Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account

ဆုပန်ထွာက သာယာပျော်ရွှင်စရာကောင်းပြီး အများက အားကျရတဲ့ မိသားစုဘဝလေးကို နားလည်မှုအပြည့်ရှိပြီး အလိုလိုက်တဲ့ ခင်ပွန်းနဲ့အတူ တည်ဆောက်ထားကာ သူမနဲ့တူတဲ့ သားသားလေး Roar Roar Kyaw လေးကိုလည်း မွေးဖွားထားပါသေးတယ်။ သားသားလေးကို သေချာဂရုစိုက်ပျိုးထောင်နေရတာဖြစ်လို့ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပေမယ့် ပရိသတ်တွေက ယခုထိတိုင် အားပေးနေဆဲပဲဖြစ်ပါတယ်......။

Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account

သားသားလေး Roar Roarက အသက် ၄ နှစ်ကျော်ဖြစ်ပြီး စကားလည်းသွက်ကာ ချစ်စရာကောင်းတဲ့ သူလေးဖြစ်လို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ်။ ယနေ့မှာတော့ ဆုပန်ထွာက သူမရဲ့သားသားလေးနဲ့အတူ ကာလာစုံ ဆင်တူ အင်္ကျီလေးကို ဝတ်ဆင်ပြီး ချစ်စရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ပြီး အသည်းယားအချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်......။

Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account
Photo credit - Supan Htwar's FB account

Photo credit - Supan Htwar's FB account

Source - Supan Htwar's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။