ပရိသတ်ကြီးရေ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းလာတဲ့ သူကတော့ မင်းသမီးချောလေး စိုးပြည့်သဇင်ပဲဖြစ်ပါတယ်။ စိုပြည့်သဇင်ဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ များစွာပါဝင်သရုပ်ဆောင်ထားပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ ယနေ့ စတင်ဘာလ ၂၂ ရက်နေ့မှာတော့ ပြည်သူချစ်တဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ အသက် ၂၈ ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။

Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page

သူမရဲ့ မွေးနေ့လေးကိုတော့ အိမ်မှာပဲ ချစ်ရတဲ့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ချစ်ရတဲ့သူတွေက ​ပေးတဲ့တန်ဖိုးကြီး မွေးနေ့လက်ဆောင်တွေကလည်း များစွာတွေ့ရပါတယ်။ စိုးပြည့်သဇင်က ပရိသတ်တွေအတွက်လည်း သူမရဲ့ ပျော်ပျော်ပါးပါး ကျင်းပခဲ့တဲ့ မွေးနေ့ပွဲလေးရဲ့ အမှတ်တရပုံလေးတွေကိုလည်း တင်ပေးလာခဲ့ပါတယ်။

Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page

ဒီပုံလေးတွေထဲမှာတော့ စိုးပြည့်သဇင်ဟာ မွေးနေ့လက်ပစ္စည်းတွေနဲ့ အတူ အသည်းယားစရာကောင်းတဲ့ အမူအရာလေးတွေနဲ့ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း စိုးပြည့်သဇင်က " အချစ်ခံရတာဟာ သိပ်ကြည်နူးစရာကောင်းတယ်...ချစ်တဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်....တန်ဖိုးထားပါတယ်နော်...22.9.2020...Happy birthday to me" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အသက် ၂၈ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကို မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page
Photo Credit - Soe Pyae Thazin fb page

Photo Credit - Soe Pyae Thazin fb page

Source - Soe Pyae Thazin fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။