အဆိုတော် နေဝင်းကတော့ Snare အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အရည်အသွေးပြည့်ဝတဲ့သီချင်းကောင်းများစွာကို ဖန်တီးခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လူငယ်ပရိသတ်တွေကြားမှာ အခိုင်အမာ အားပေးဝန်းရံခြင်းခံထားရတဲ့ နေဝင်းက Rap သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုလေ့ရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နေဝင်းတစ်ယောက် အိမ်ထောင်ကျပြီး ချစ်ရတဲ့ဇနီးချောလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc

နေဝင်းက ခရီးသွား Blogger မလေး အိမ့်ချစ်ချောနဲ့ (၁၀) နှစ်ကျော်ကြာအောင် ချစ်ကြိုက်ခဲ့ပြီး ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝလေးကို ပြောင်းလဲတည်ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ နေဝင်းတို့စုံတွဲလေးကို ပရိသတ်တွေကလည်း အရမ်းကိုအားကျနေရတာ ဖြစ်ပါတယ် ။ နှစ်ကိုယ်တူဘဝလေးမှာ ပျော်ရွှင်စွာနေထိုင်နေတဲ့ နေဝင်းတို့စုံတွဲလေးက အခုလည်း သူတို့ရဲ့အိပ်ခန်းလေးကို အလှဆင်ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc
Photo Credit-Eainy Chit Chaw's FB Acc

နေဝင်းနဲ့အိမ့်ချစ်ချောတို့စုံတွဲလေးကတော့ အိပ်ခန်းနံရံမှာ ပန်းလေးတွေကပ်ပြီး နေချင်စဖွယ်ကောင်းအောင် ပြင်ဆင်နေကြတာပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် နေဝင်းက သူ့ရဲ့ဇနီးချောလေးကို ဘေးကနေအစစအရာရာ ကူညီပေးရင်း ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ် ။ ကဲ အရမ်းလိုက်ဖက်ပြီး ကြည်နူးအားကျချင်စရာကောင်းတဲ့ နေဝင်းတို့ဇနီးမောင်နှံရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- Eainy Chit Chaw's Tik Tok Acc

Photo Credit-Eainy Chit Chaw's FB Acc
@eainychitchaw

##HomestayTips @naywin_snare

Soap - Melanie_Martinez

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။