ပရိသတ်ကြီးရေ အနုပညာလောကမှာ စံနမူနာထားရလောက်တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူပဲဖြစ်ပါတယ်။ ဦးကျော်သူဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပရဟိတမင်းသားကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ သူဟာ လူမူရေးအကျိုးပြုလုပ်ငန်းတွေကို ကိုယ်ကျိုးမငဲ့ပဲ ရှေ့မှဦးဆောင်ပြီး လုပ်ကိုင်နေပေးတာဖြစ်ပြီး ဘဝကို တန်းဖိုးရှိရှိ လျှောက်လှမ်းလာနေတာဖြစ်ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒါ့အပြင် ဘာသာတရားကိုလည်း အထူးသက်ဝင်ယုံကြည်သူတစ်ယောက်ဖြစ်ပြီး ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်နေတာကို တွေ့ရပါတယ်။ မကြာခဏဆိုသလို ဦးကျော်သူ က နေ့စဥ်တန်းဖိုးရှိစွာနဲ့ လှုပ်ရှားနေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲမျှဝေပေးပါတယ်။ ယခုမှာလည်း ဦးကျော်သူက ပရိသတ်တွေ သာဓုခေါ်နိုင်အောင် သူပြုခဲ့တဲ့ အလှူပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီအလှူလေးကတော့ လူသားတွေ အသက်ရှင်ဖို့အတွက် အရေးပါတဲ့ အောက်စီဂျင် လှူဒါန်းပေးခဲ့တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဒီပုံလေးတွေနဲ့လည်း ဦးကျော်သူက "အသက်ရှင်ရေးအတွက် လှူဒါန်းမှုပါ....ယနေ့ (၂၃.၉.၂၀၂၀)ရက် ဗုဒ္ဓဟူးနေ့တွင် နာရေးကူညီမှုအသင်းဥက္ကဌ ကျော်သူနှင့် ဇနီး ရွှေဇီးကွက် မိသားစုမှ ကိုဗစ်ကာလအတွင်း အောက်စီဂျင်အခက်အခဲဖြစ်နေသော ဝေဘာဂီဆေးရုံအတွက် တစ်ဖက် တစ်လှမ်းကူညီပေးနေသော နာကူ(ရန်ကုန်)အတွက် အောင်စီဂျင်အိုးကြီး(၁၀၀) အတွက် အောက်စီဂျင်ဖြည့်ခ သုံးသိန်းကျပ်(၃၀၀၀၀ဝိ/-) အားနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်းခဲ့ပါတယ်...ကပ်ဘေးရောဂါများကင်းစင်ပပျောက် ကာ သက်ရှည်ကျန်းမာချမ်းသာ သောကကင်းဝေးနေထိုင်နိုင်ကြပါစေ" ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

Photo Credit - Kyaw Thu fb account

Source - Kyaw Thu fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။