ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ သရုပ်ဆောင်ကောင်းပြီး ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေ အားလုံးက ချစ်ခင်နေကြရသူလေးပဲ ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ နန်းခင်ကတော့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်နေပြီး Covid ကာလမှာလည်း လိုအပ်နေရာတွေကို လှူဒါန်းခဲ့ပြန်ပါတယ်နော်..။

Photo Credit - Nang Khin Yay Ya's Fb Page
Photo Credit - Nang Khin Yay Ya's Fb Page

နန်းခင်ကတော့ ရခိုင်ဒေသမှာရှိတဲ့ Covid လူနာတွေအတွက် ကုသပေးနေတဲ့ ဆရာဝန်တွေအတွက် PPE ဝတ်စုံတွေ (၁၀)သိန်းဖို့ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။

သူမရဲ့အလှူလေးအကြောင်း ပြောပြရင်း ပရိသတ်တွေလည်း မမျှော်လင့်ဘဲ Covid ရောဂါ ကူးစက်ခံနေရပြီဆိုရင် စိတ်ဓာတ်မကျဖို့နဲ့ နေထိုင်ပုံလေးတွေကို အားပေးစကားလေးတွေလည်း နန်းခင်က ပြောထားပါသေးတယ်နော်..။

Photo Credit - Nang Khin Yay Ya's Fb Page
Photo Credit - Nang Khin Yay Ya's Fb Page

"ကိုဗစ်ကာလမှာ PPE ဝတ်စုံ လှူဖြစ်တယ် ရခိုင်မှာဖြစ်နေတဲ့လူတွေအတွက် Volentia သမားတွေဝတ်လို့အောင် ဆရာဝန်တွေဝတ်လို့ရအောင် လှူပေးဖြစ်တယ် အဓိကကတော့ ကိုဗစ်ဒုတိယအကြိမ်ဖြစ်တဲ့အချိန်မှာ Mask တွေက ဝယ်ရတာ လွယ်တယ် PPE ဝတ်စုံတွေကတော့ ဝယ်ရတာ မလွယ်တာကြောင့် (၁၀)သိန်းဖိုး လှူဖြစ်သွားတာပါ.. " ဆိုပြီး နန်းခင်က ပြောပြထားတာ ဖြစ်ပါတယ်..။

ကဲ.. ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ မင်းသမီးချောလေး နန်းခင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nang Khin Yay Ya's Fb Page
Photo Credit - Nang Khin Yay Ya's Fb Page

Photo Credit - Nang Khin Yay Ya's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။