ပရိသတ်ကြီးရေ အနုပညာလောကမှာ သရုပ်ဆောင်ဒါရိုက်တာ တစ်ယောက်အနေနဲ့ အကောင်းဆုံးကြိုးစားနေတဲ့ သူကတော့ ကိုပေါက်ပဲဖြစ်ပါတယ်။ ကိုပေါက်ဟာ စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာရှင်မောင်နှမတွေကပါ ချစ်ခင်နေရသူပဲဖြစ်ပါတယ်။လက်ရှိမှာလည်း ကိုပေါက်ဟာ သာယာပျော်ရွှင်ကြည်နူးစရာကောင်တဲ့ မိသားစုလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit - Aung Min Naing fb account
Photo Credit - Aroma(Photography)

ဒါ့အပြင် ကိုပေါက်ဟာ အနုပညာကို အထူးဝါသနာကြီးတဲ့သူဖြစ်တာကြောင့် လတ်တလောကပ်ရောဂါတိုက်ဖျက်ရေး ကာလလေးမှာ ဟာသ tik tok လေးတွေဆော့ကစားပြီး ပရိသတ်တွေအတွက် အမြဲမျှဝေပေးပါတယ်။ သူ့ရဲ့ ဗီဒီယိုလေးကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားသဘောကျခဲ့ပြီး အားပေးမှုတွေကို များစွာ ရရှိထားတဲ့ tik tok လေးတွေပဲဖြစ်ပါတယ်။ ယခုမှာလည်း အိမ်မှာနေရင်း ဆော့ကစားထားတဲ့ ဟာသဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aroma(Photography)
Photo Credit - Aung Min Naing fb account

ဒီဗီဒီယိုလေးထဲမှာတော့ ကိုပေါက်ဟာ နောက်ခံစကားပြောလေးတွေနဲ့ ကြည့်မိတဲ့သူတိုင်း ရယ်မောပျော်ရွှင်သွားအောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့ လည်း ကိုပေါက်က " ကျွန်တော်က ကာတွန်းထဲကလူ မဟုတ်ဘူးနော်...သိအောင်ပြောထားမယ်" ဆိုတဲ့ Caption လေးနဲ့ ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်နေ့တာရဲ့ အချိန်လေးတွေကို ရယ်စရာလေးတွေနဲ့ ဖြတ်သန်းနိုင်အောင် က်ုပေါက်ရဲ့ ဟာသဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Video  Credit - Aung Min Naing fb account

Source - Aung Min Naing fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။