အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် အောင်မြင်ကျော်ကြားလူကြိုက်များတဲ့ သရုပ်ဆောင်၊အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ရဲ့ သရုပ်ဆောင်အမူအရာတွေကလည်း ပီပြင်ပိုင်နိုင်သလို အသံကလည်းအရမ်းကောင်းပါတယ်နော်။မခိုင်ကြီးရဲ့သီချင်းတွေဟာဆိုရင်လည်း လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြလို့ အရမ်းရေပန်းစားတဲ့သီချင်းကောင်းလေးတွေဖြစ်ပါတယ်။
မခိုင်ကြီးက သာယာလှပတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားလို့ ယခုကာလမှာတော့ အိမ်မှာပဲမိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။မခိုင်ကြီးတို့မိသားစုသုံးယောက်က စည်းစည်းလုံးလုံးနဲ့ချစ်ချစ်ခင်ခင်ရှိကြပြီး ဘယ်နေရာမဆို အတူတူသွားလာကြတာပါနော်။မခိုင်ကြီးတို့ဇနီးမောင်နှံက ဆယ်ကျော်သက်အရွယ်သားလေးကိုလည်း ဂရုတစိုက်နဲ့ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။
မခိုင်ကြီးရဲ့ တစ်ဦးတည်းသောသားလေးက ဘက်စုံထူးချွန်ပြီး အေးအေးဆေးဆေးနေတတ်တဲ့ ကလေးဖြစ်ပါတယ်။အခုဆိုရင်လည်း မခိုင်ကြီးက သာသာနာ့ဘောင်ကိုဝင်ရောက်ခဲ့တဲ့ သားလေးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးမဆုံးဖြစ်နေတာဖြစ်ပါတယ်။သားလေးကလည်း သင်္ဃန်းဝတ်နဲ့အရမ်းကြည်ညို့ဖို့ကောင်းပြီး ဖေဖေ၊မေမေတို့ရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တာပါနော်။မခိုင်ကြီးကတော့"ကိုရင်လေး ငယ်ငယ်တုန်းက မေမေ့ ကို အပျောက်မခံဘူး ..ကြီးလာတော့မေမေ လာလည်း ဖာသိဖာသာ ဖြစ်သွားပြီ ..."ဆိုပြီး သားရဲ့ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။
Source&Photo Credit:Mi Mi Khine's FB acc&Htun Eaindra Bo's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။