မင်းသားချောလေး စွမ်းဇာနည်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အပြတ်အသတ်ရရှိထားတဲ့ ကိုလူချောလေး ဖြစ်ပါတယ် ။ စွမ်းဇာနည်က သရုပ်ဆောင်တော်သလို ရုပ်ရည်ကလည်း ချောမောခန့်ညားပြီး စတိုင်လ်ကျကျ ဝတ်စားဆင်ယင်တတ်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် စွမ်းဇာနည်က ဇာတ်မင်းသားအဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်နေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc

လက်ရှိမှာတော့ စွမ်းဇာနည်အနေနဲ့ ပြင်ဦးလွင်မြို့မှာနေထိုင်နေတာဖြစ်ပြီး သူ့ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ် ။ ဒီရက်ပိုင်းမှာ စွမ်းဇာနည်က သူ့ကိုလွမ်းနေတဲ့ပရိသတ်တွေအတွက် Facebook မှာ Live လွှင့်ပြီး သီချင်းတွေသီဆိုပြနေတာပဲ ဖြစ်ပါတယ် ။ မနေ့ကလည်း စွမ်းဇာနည်က အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းကောင်းလေးတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုပြခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc

ဒါ့အပြင် စွမ်းဇာနည်က Performance အပြည့်နဲ့ တင်ဆက်ပြီး အားရပါးရဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ် ။ ဆံပင်ရှည်လေးနဲ့တောင် အထာကျပြီး ချောမောခန့်ညားနေတဲ့ စွမ်းဇာနည်ကတော့ သရုပ်ဆောင်တော်သလို အသံလေးကလည်း နားဆင်လို့ကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချောလေး စွမ်းဇာနည်ရဲ့ Live ဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Swan Zarni's FB Acc

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။