မင်းသားချောလေးမြင့်မြတ်ကတော့ အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ မြင့်မြတ်ကတော့ အကယ်ဒမီဆုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Photo Credit : Myat Wai Tun ' s Facebook Acc
Photo Credit : Myat Wai Tun ' s Facebook Acc

အေးချမ်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်တဲ့ မြင်မြတ်ကတော့ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။မြင့်မြတ်တို့မိသားစုလေးကတော့  ပရိသတ်တွေအားကျချစ်ခင်ရတဲ့ ပြည်သူချစ်အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။ ယခုမှာတော့ မြင့်မြတ်တို့မိသားစုလေးဟာ မြောက်ဒဂုံမြို့နယ်က သံဃာတော်အရှင်သူမြတ်များနှင့်အခြေခံလူတန်းစားတွေကို ထီလက်မှတ်တွေလှူဒါန်းခဲ့ပါတယ်။

Photo Credit : Myat Wai Tun ' s Facebook Acc
Photo Credit : Myat Wai Tun ' s Facebook Acc

"အလှူဒါနသရုပ်ဆောင်အကယ်ဒမီကိုမြင့်မြတ်+မခင်သူအောင်သားမောင်မြတ်သူမိသာစုမှ မြောက်ဒဂုံမြို့နယ် သံဃာတော်အရှင်သူမြတ်များနှင့်အခြေခံလူတန်းစားများကိုထီလက်မှတ်များလှူဒါန်းခဲ့ပါတယ်။ယခုပြုလုပ်သောကုသိုလ်ကောင်းမှုကြောင့် နတ်လူသာဓုခေါ်စေသော် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်တို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Myat Wai Tun ' s Facebook Acc 

Photo Credit : Myat Wai Tun ' s Facebook Acc
Photo Credit : Myat Wai Tun ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။