ပရိသတ်ကြီးရေ တေးသံရှင်ချမ်းချမ်းနဲ့ နေနေတို့ညီအစ်မနှစ်ယောက်ကတော့ တေးသီချင်းလောကထဲကို ပြိုင်ပွဲတွေကနေတဆင့် ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ချမ်းချမ်းတို့ ညီအစ်မနှစ်ယောက်လုံးကလည်း အသံပါရမီနဲ့ပြည့်စုံကြပြီး သီချင်းဆိုကောင်းကြတဲ့သူတွေဖြစ်ပါတယ်နော်။ယခုချိန်ထိလည်း သူမတို့ညီအစ်မနှစ်ယောက်က ပရိသတ်တွေရဲ့အားပေးမှုတွေကို အခိုင်အမာရရှိထားကြဆဲဖြစ်ပါတယ်။

Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account

ချမ်းချမ်းကလည်း သမီးလေးတစ်ယောက်နဲ့အတူ အေးချမ်းတဲ့ဘဝလေးမှာ နေထိုင်နေပြီး နေနေကလည်း ကိုယ်ပိုင်မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပါတယ်နော်။ချမ်းချမ်းနဲ့နေနေတို့ညီအစ်မနှစ်ယောက်က အနုပညာအလုပ်တွေလည်း အတူတူတွဲလုပ်ကြပြီး အချင်းချင်းကူညီဖေးမကြပါတယ်။အခုဆိုရင်တော့ ချမ်းချမ်းက ချစ်မမကြီးရဲ့မွေးနေ့လေးမှာ အောက်ပါအတိုင်း မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်နော်။

Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account

ချမ်းချမ်းကတော့"Happy birthday dear sis.အချိန်တွေတော်တော်များများကလေးဘဝကတည်းက အတူတူစား အတူတူသွားဖြစ်ခဲ့ရတာအမှတ်တရတွေများစွာပါပဲ..အနုပညာထဲဝင်ဖြစ်တော့လည်းတူတူ...အကောင်းရောအဆိုးရောဘဝမှာတူတူဖြတ်သန်းဖူးကြသူများမို့..မမကြီးရေ..ဘုရားကိုကျေးဇူးတင်ရမယ်...အခုချိန်သားတွေသမီးတွေနဲ့ကိုယ်ချစ်တဲ့မိသားစုကိုပိုင်ဆိုင်ခွင့်ရတာတန်ဖိုးကြီးလှပါတယ်...ကံကောင်းလွန်းသူကြီးပေါ့..ထာဝရပျော်ရွှင်စရာတွေနဲ့အေးချမ်းခြင်းတွေရှိသောမိသားစုလေးဖြစ်ပါစေ....i love you."ဆိုပြီး ညီအစ်မနှစ်ယောက်ရဲ့ပုံလေးတွေနဲ့ ရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account
Photo Credit:Chan Nyein's Facebook Account

Source&Photo Credit:Chan Nyein's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။