တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ရွှေရွှေတို့စုံတွဲလေးကတော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝလေးကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ် ။ သူတို့စုံတွဲလေးက ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ နားလည်မှုရှိရှိ လက်တွဲခဲ့ကြတာလည်း ဖြစ်ပါတယ် ။ အခုဆိုရင် ရွှေရွှေတို့ဇနီးမောင်နှံက အလုပ်တွေကို အတူတူကြိုးစားပမ်းစားလုပ်ကိုင်နေကြသလို အောင်မြင်မှုတွေကိုယ်စီရရှိနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-Htoo Khant's FB Acc
Photo Credit-Shwe Hmone Yati's Acc
Photo Credit-Shwe Hmone Yati's Acc

ဒါ့အပြင် ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံက တေးသီချင်းတွေကိုလည်း အတူတူသီဆိုခဲ့ကြသေးတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ရွှေထူးတို့စုံတွဲလေးက အိမ်မှာနေရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ် ။ အခုလည်း ရွှေထူးက ချစ်ရတဲ့ဇနီးချောလေး ရွှေမှုံရတီရဲ့လှုပ်ရှားမှုလေးတွေကို အမိအရရိုက်ကူးပြီး သူ့ရဲ့ My Story မှာ တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Shwe Hmone Yati's Acc
Photo Credit-Shwe Hmone Yati's Acc
Photo Credit-Shwe Hmone Yati's Acc

ဒီဗီဒီယိုလေးမှာ ရွှေမှုံရတီက သူမရဲ့အချစ်တော်ခွေးလေးနဲ့အတူ ရေချိုးကန်ထဲမှာ ရေစိမ်ရင်း ပျော်ရွှင်နေတာ ဖြစ်ပါတယ် ။ ဟန်ဆောင်မှုကင်းစွာ ရယ်မောနေတဲ့ ရွှေမှုံကတော့ ကလေးလေးတစ်ယောက်လို အရမ်းချစ်ဖို့ကောင်းနေပြီး ဘာမှမပြင်ဆင်ထားတာတောင် လှနေတာပဲဖြစ်ပါတယ် ။ ကဲ ရွှေထူးချစ်မဝဖြစ်နေရတဲ့ မင်းသမီးချောလေး ရွှေမှုံရတီရဲ့ချစ်စရာဗီဒီယိုလေးကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Htoo Khant's FB Story 

Photo Credit-Htoo Khant's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။