ချစ်ရတဲ့ ပရိသတ်ကြီးရေ... သရုပ်ဆောင် မင်းသမီးချောလေး မြတ်သူသူ ကတော့ အနုပညာလမ်းကြောင်းထက်မှာ ပရိသတ်အားပေးမှုနဲ့ အကောင်းဆုံးလျှောက်လှမ်းလာခဲ့ကာ အောင်မြင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြတ်သူသူက အနုပညာလှုပ်ရှားမှု အနေနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေနဲ့ Photo shooting တွေကိုလည်း ရိုက်ကူးနေရတာကိုတွေ့ရပါတယ်။
ဒါ့အပြင် လတ်တလော MRTV - 4 မှာထုတ်လွှင့်ပြသနေတဲ့ " တို့မမနဲ့....တို့ " ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်နော်။ စူးရှတဲ့ အကြည့်တွေကို ပိုင်ဆိုင်ထားတဲ့ မြတ်သူသူက မကြာခဏဆိုသလို လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတာဖြစ်ပြီး ယနေ့မှာတော့ ဇာတ်လမ်းတွဲ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာတာပါ။
အသည်းယားစရာကောင်းအောင် ကလေးလေးတစ်ယောက်လို ဆံပင်နှစ်ဖက်ခွဲစည်းကာ ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ သူမရဲ့ ပုံလေးတွေအပြင် " အရာအားလုံး အဆင်ပြေပြီထင်ခဲ့မိတာ အသန်း အပြစ်တွေပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...ချစ်ရတဲ့ ပရိသတ်ကြီးကလည်း အဆိုပါပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...... ။
Photo credit - Myat Thu Thu's Facebook Account
Source - Myat Thu Thu's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။