ပရိသတ်ကြီးရေ အနုပညာလောကမှာ ဆယ်စုနှစ်လောက်က အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး ယနေ့ချိန်အထိ ပရိသတ်တွေရဲ့ရင်ထဲမှာ ရပ်တည်လာနိုင်သူကတော့ မင်းသမီးလေး အေးဝတ်ရည်သောင်းပဲဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ မအေးသောင်းလို့လည်း ချစ်စနိုးနဲ့ ခေါ်ကြပါသေးတယ်။ ဒါအပြင် အေးဝတ်ရည်သောင်း က သွယ်လျကျစ်လျစ်တဲ့အမိုက်စားခန္ဓာကိုယ်အလှတွေကို ပိုင်ဆိုင်ထားပြီး မပြောင်းလဲတဲ့ ပင်ကိုယ်အလှတရားတွေ က ယနေ့အချိန်ထိ ဆွဲဆောင်မှုရှိနေဆဲပဲဖြစ်ပါတယ်။

PhotoCredit - Aye Wutyi Thaung fb page
PhotoCredit - Aye Wutyi Thaung fb page

အေးဝတ်ရည်သောင်း က ဝတ်စားဆင်ယဥ်မှုမှာလည်း ရိုးရိုးယဉ်ယဉ်မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးတွေကို အမြဲတမ်း ဝတ်ဆင်တတ်တာကိုတွေ့ရပါတယ်။ လတ်တလောမှာလည်း သူမရဲ့ နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို အမြဲဖော်ပြပေးလေ့ရှိပါတယ်။ ယခုမှာလည်း အေးဝတ်ရည်သောင်း က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

PhotoCredit - Aye Wutyi Thaung fb page
PhotoCredit - Aye Wutyi Thaung fb page

ဒီဗီဒီယိုလေးထဲမှာတော့ အေးဝတ်ရည်သောင်း က လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ tik tok လေးတွေနဲ့ ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆော့ကစားထားတဲ့ အမူအရာလေးတွေကလည်း ကလေးလေးလို လွတ်လပ်ပေါ့ပါးကာ ဟန်ဆောင်မှုကင်းပြီး ချစ်စရာကောင်းလောက်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ချစ်စရာအမူအရာလေးတွေ နဲ့ ဆော့ကစားထားတဲ့ အေးဝတ်ရည်သောင်း ရဲ့ tik tokဗီဒီယိုလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

PhotoCredit - Aye Wutyi Thaung fb page

Source - Aye Wutyi Thaung fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။