ချစ်ရတဲ့ ပရိသတ်ကြီးရေ.....ခန္ဓာကိုယ်ပြည့်ပြည့်တင်းတင်းလေးနဲ့ sexyဆန်တဲ့ အလှမျိုးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသမီးချော ဘေဘီမောင်ကတော့ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူလေးပါနော်။ သူမဟာ sexy modelတစ်ယောက်အနေနဲ့ အနုပညာလမ်းကြောင်းပေါ်စတင်ရောက်ရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများနဲ့ ရုပ်ရှင်ကားကြီးများကိုလည်း ဝါရင့် သရုပ်ဆောင်များနဲ့အတူ ရိုက်ကူးအောင်မြင်လာခဲ့တာဖြစ်ပါတယ်။

Photo credit - Baby Maung's Facebook Account
Photo credit - Baby Maung's Facebook Account

ဘေဘီမောင်ဟာ ပွင့်ပွင့်လင်းလင်းနေထိုင်တတ်သူဖြစ်ပြီး မိဘအပေါ်ကိုလည်း သိတတ်လိမ္မာတဲ့သမီးလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အဆိုတော်သားဂန်းနဲ့လည်း ကြည်နူးစရာကောင်းတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာပါနော်။ သူမတို့စုံတွဲလေးဟာဆိုရင် အမြဲလိုလို romanticဆန်တဲ့ မနဲ့မောင်စုံတွဲလေးဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိစွာနဲ့ ရှေ့ဆက်နေကြတဲ့သူတွေဖြစ်ပါတယ်။

Photo credit - Baby Maung's Facebook Account
Photo credit - Baby Maung's Facebook Account

အချစ်ရေးမှာလည်း လူအများက အားကျနေရတဲ့ သူမက မကြာခဏဆိုသလို သားဂန်းရိုက်ပေးတဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိနေတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ ဘေဘီက လှပတဲ့ ကောင်းကင်ပြာကြီးကို နောက်ထံထားကာ ပိုစ့်ပေးနေတာဖြစ်ပြီး " ကမ္ဘာကြီးရယ်အမြန်ဆုံးနေကောင်းပါစေနော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.... ။

Photo credit - Baby Maung's Facebook Account
Photo credit - Baby Maung's Facebook Account

Photo credit - Baby Maung's Facebook Account 

Source  - Baby Maung's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။