ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဂီတအနုပညာရှင်တွေထဲမှာ အဆိုတော်နီတာကလည်း အပါအဝင်ပါပဲနော်..။

နီတာကတော့ ပြီးခဲ့တဲ့ Covid ကာလ ပထမဆုံးအကြိမ်မှာ ကူးစက်ခံခဲ့ရပြီး အခုဆိုပြီး ရောဂါပျောက်ကင်းကာ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်တာမို့ မိသားစုတွေနဲ့အတူ ပရိသတ်တွေကလည်း ဝမ်းသာနေကြတာပါ..။

Photo Credit - Ni Tar Vocalist's Fb Account
Photo Credit - Ni Tar Vocalist's Fb Account

အဆိုတော်နီတာကတော့ ကိုယ်တိုင် Covid ကူးစက်ခံရပြီး Positive လူနာဖြစ်တာကနေ ပျောက်ကင်းသွားအောင် ကြိုးစားခဲ့တဲ့အကြောင်းလေး ပြောပြလာပါတယ်နော်..။

Positive ဖြစ်သွားတဲ့အချိန်မှာ မိသားစုတွေကို စိုးရိမ်ခဲ့ရပြီး မိသားစုတွေအတွက် စိတ်ချရတော့မှပဲ သူကိုယ်တိုင် Positive ဖြစ်တဲ့လူနာကနေ ပြန်ကောင်းဖို့ စပြီး ကြိုးစားခဲ့တဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။

Photo Credit - Ni Tar Vocalist's Fb Account
Photo Credit - Ni Tar Vocalist's Fb Account

"သမီးလေးနှစ်ယောက်ရှိတယ် သမီးအကြီးက (၇)နှစ် အငယ်လေးက (၄)နှစ်ဆိုတော့ အစ်ကိုဖျားတုန်းက အငယ်လေးက တသ်ချိန်လုံး လာကပ်နေတာ အစ်ကို Positive ဖြစ်သွားတဲ့အချိန်မှာ ထိပ်ဆုံးစိုးရိမ်တာက သမီးအငယ်လေးရယ် ဆယ်မိုင်အိမ်မှာ ပြောင်းပြီးလာနေတုန်းက အမေနဲ့(၆)ရက်လောက် အတူအိပ်ခဲ့တာ အမေက (၇၃)နှစ်ဆိုတော့ ကျန်းမာတယ် အသက်အရွယ်အရ ကူးစက်သွားမှာ အရမ်းစိုးရိမ်တယ် ဆေးရုံမှာကုသနေပေမယ့် စိတ်က အမေနဲ့ကလေး Q စင်တာမှာ ဘယ်လိုအဖြေထွက်မလဲဆိုတာကိုပဲ အများကြီး စိတ်သောကဖြစ်ခဲ့ပါတယ် ဒါပေမယ့် စစ်လိုက်တဲ့အချိန်မှာ Negative ဖြစ်တဲ့အတွက် အဲ့တော့မှ စိတ်ချမ်းသာရတယ် အဲ့တော့မှ Positive ဖြစ်တဲ့လူနာကနေ ပြန်ကောင်းဖို့ စပြီး ကြိုးစားခဲ့ပါတယ်.."ဆိုပြီး အတွေ့အကြုံလေးတွေကို ပြောပြထားပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ အဆိုတော်နီတာရဲ့ အတွေ့အကြုံလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Ni Tar Vocalist's Fb Account
Photo Credit - Ni Tar Vocalist's Fb Account

Photo Credit - Ni Tar Vocalist's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။