ကမ္ဘောဒီးယားအခြေစိုက် ဒီဂျစ်တယ်မီဒီယာ ကုမ္ပဏီသည် ဈေးကွက်သစ်သို့ တိုးချဲ့ရန် ငွေကြေးများကို အသုံးပြုသွားမည်

ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ဒစ်ဂျစ်တယ်မီဒီယာကုမ္ပဏီတစ်ခု ဖြစ်သော Mediaload ကုမ္ပဏီသည် ကမ္ဘောဒီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံတွင် မီဒီယာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပြီး ရှိ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် True Corporation ၏ ကုမ္ပဏီအုပ်စုဝင် တစ်ခုဖြစ်သော True Digital Group (TDG) နှင့် ထိုင်းနိုင်ငံ၏ လုပ်ငန်းစုကြီး တစ်ခုဖြစ်သော C.P Group တို့မှ စီးရီးအေ ရန်ပုံငွေများအား မကြာသေးမီ အချိန်မှ ရရှိထားပြီး ဖြစ်ပါသည်။ အဆိုပါရန်ပုံငွေများကို Mediaload ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ ပလက်ဖောင်းအား တွင်ကျယ်စွာ အသုံးပြုနိုင်ရန်နှင့် လုပ်ငန်း တိုးချဲ့လုပ်ဆောင်ရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။


“အဆိုပါ ရင်းနှီးမြှပ်နှံမှုက ကျွန်ုပ်တို့ ကုမ္ပဏီ နဲ့ ကမ္ဘာဒီးယားနိုင်ငံ၏ နည်းပညာ ဈေးကွက် စနစ်အတွက် အထူးကောင်းမွန်စေပြီး လက်ရှိဈေးကွက်အား ဖွံ့ဖြိုးတိုးတက်စေရုံသာမက အခြားဈေးကွက်များကိုလည်း တိုးချဲ့နိုင်ပါလိမ့်မယ်။ ကျွန်ုပ်တို့ ၏ ရေရှည်မိတ်ဖက် လုပ်ငန်းစု တစ်ခုဖြစ်သော TDG အား ကြိုဆိုရန် ကျွန်ုပ်တို့အနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု Mediaload ကုမ္ပဏီ၏ CEO ဖြစ်သူ Vichet In မှ ပြောကြားခဲ့ပါသည်။

Mediaload ကုမ္ပဏီ သည် ကမ္ဘောဒီးယားနိုင်ငံ၏ Khmerload ကုမ္ပဏီ နှင့် မြန်မာနိုင်ငံ၏ Myanmarload ကုမ္ပဏီ တို့အား ဦးဆောင်ထောက်ပံ့နေသော ကုမ္ပဏီ တစ်ခုဖြစ်ပြီး ညီအကို သုံးယောက်ဖြစ်သော Vichet In, Vichea In, and Visal In တို့မှ Mediaload ကုမ္ပဏီအား မြန်မာနိုင်ငံတွင် တည်ထောင်ခဲ့ကြပါသည်။


Mediaload ကုမ္ပဏီ သည် စဉ်ဆက်မပျက် အချိန်နှင့် တပြေးညီ အနုပညာရှင် သတင်းများ၊ အားကစားသတင်းများနှင့် အခြားသော ဗဟုသုတ ရရှိဖွယ် သတင်းအကြောင်းအရာများကို တင်ဆက်ပေးလျှက်ရှိသောကြောင့် လစဉ် unique user ၈ သန်း ကျော်နှင့် social media followers ပေါင်း လစဉ် သန်း၂၀ ကျော်ရှိနေပြီဖြစ်ပါသည်။ 500 startups မှလည်း ရင်းနှီးမြုပ်နှံငွေ ဒေါ်လာ ၂သိန်း ကိုလည်း ရရှိခဲ့ဖူးပြီး ဖြစ်ပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် eCommerce လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသော Little Digital Group ကို ဦးဆောင်နေသာ ပင်မကုမ္ပဏီ Groupin သည်လည်း ၂၀၁၁ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးသော ပုဂ္ဂလိကရှယ်ယာ ရင်းနှီးမြှပ်နှံမှု တစ်ခုဖြစ်သည့် Belt Road Capital Management မှ ရင်းနှီးမြှပ်နှံငွေ ဒေါ်လာ ၅ သန်းကို ရရှိခဲ့သည်ဖြစ်သည်။


True Digital Group (TDG) သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်ပြီး True Corporation ၏ ဒီဂျစ်တယ် နည်းပညာ သတင်းအချက်အလက်များ တီထွင်မှုတွင် အဓိကကျသော အုပ်စု တစ်ခု ဖြစ်သည်။ True Digital Group (TDG) မှ ရုပ်ရှင်၊ ဂီတ၊ အားကစား ၊ နေ့စဉ်သတင်းများနှင့် အခြားသော ဗဟုသုတ ရရှိဖွယ် အကြောင်းအရာများကို စုံလင်စွာဖြင့် အချိန်နှင့်တပြေးညီ တင်ဆက်ပေးလျှက်ရှိပါသည်။ သတင်းချက်အလက်များ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အချိန်နှင့် တပြေးညီ တင်ဆက်ထုတ်လွှင့်ပေးနေသာ True Digital Group (TDG) ၏ ဖန်တီးမှု တစ်ခု ဖြစ်သည့် TRUE ID Application သည်လည်း ထိုင်းနိုင်ငံတွင် လူသုံးအများဆုံးသော Application တစ်ခုအဖြစ် ရပ်တည်လျှက် ရှိပါသည်။ ထိုင်း၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် စသည့် နိုင်ငံများတွင် အသုံးပြုသူများစွာ ရှိပြီး အောင်မြင်စွာရပ်တည်နေသာ TRUE ID Application အား အရှေ့တောင်အာရှတွင် အသုံးပြုနိုင်ရန် TDG မှ အလေးအနက်ထား ဆောင်ရွက်လျှက် ရှိပါသည်။


“ ကမ္ဘောဒီးယားနိုင်ငံ နှင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ဒီဂျစ်တယ် နည်းပညာနှင့် စပ်လျဉ်း၍ အမြင့်မားဆုံးသော ဝန်ဆောင်မှုများ ရရှိစေရန် အတွက် TRUE ID Application မှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ် ။ Mediaload နှင့် True Digital Group တို့ ပူးပေါင်းပြီး ကျွန်ုပ်တို့ ဒေသအတွင်းရှိ အများပြည်သူများအတွက် စစ်မှန်သော မြင့်မားသော လူနေမှုပုံစံကို တိုးတက်စေရုံသာမက မှန်ကန်တိကျသော သတင်းနှင့်နည်းပညာ အချက်အလက်များကို တိုးချဲ့နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကျွန်ုပ်တို့၏ ပူးပေါင်းမှုက အရှေ့တောင်အာရှရှိ ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ထောက်ပံ့ တိုးမြှင့်နိုင်ရေးအတွက် မှတ်တိုင်ကြီးတစ်ခုဖြစ်လိမ့်မယ် လို့လည်း မျှော်လင့်ပါတယ်။ " ဟု True Digital Group (TDG) ၏ အမှုဆောင် ဒုဥက္ကဌ Dr.Michael Gryseels မှပြောကြားခဲ့ပါသည်။

လေ့လာဆန်းစစ်တွေ့ရှိချက်များအရ ၂၀၁၉ ခုနှစ် အတွက် အရှေ့တောင်အာရှ၏ အွန်လိုင်းမီဒီယာ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ၁၄ ဒသမ ၃ ဘီလီယံ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသည် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖြင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ဈေးအမြှင့်ဆုံးသော အွန်လိုင်းမီဒီယာ ဈေးကွက်ရှိသည့် နိုင်ငံဖြစ်ပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။