Photo credit - liquipedia

လတ်တလော CIS region မှာဆိုလို့ရှိရင် Virtus.pro dota 2 အသင်းနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ ထွက်ရှိနေပါတယ်။

၄င်းကောလဟာလတွေကတော့ Sumail နဲ့ Ramzes ဟာ Virtus.pro ရဲ့ roster မှာပါဝင်လာနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

Vp အနေနဲ့လည်း သူတို့ရဲ့ roster မတည်ငြိမ်မှုတွေကြောင့် ESL One Germany ကိုတောင် skip ပြုလုပ်ခဲ့ပြီး လက်ရှိမှာ အသင်းကိုအကောင်းဆုံး ပြန်လည်ဖွဲဲ့စည်းဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင်လည်း Virtus.pro အငှားနဲ့ခေါ်ယူကစားနေတဲ့ carry player "iLTW" က SoNNeik0 ရဲ့အသင်းသစ်မှာ သွားကစားနေပြီဆိုတော့ Vp လူစာရင်းပြောင်းလဲမှာကတော့ အသေအချာပါပဲ။

ဒါ့အပြင် offlaner ဖြစ်သူ Resolut1on ကလည်း Virtus.pro နဲ့စာချုပ်သက်တမ်းကုန်ဆုံးနေပြီဖြစ်သလို စာချုပ်အသစ်ထပ်ချုပ်ဖို့ကလည်း မရေရာတဲ့အနေအထားမှာ ရှိနေပါတယ်။

Sumail ဟာဆိုရင်လည်း လက်ရှိမှာအနားယူနေတာ လအနည်းငယ်ရှိနေပြီဖြစ်ပြီး သူလို ပွဲတွေကိုဆာလောင်တတ်တဲ့ player မျိုးက အကြာကြီးအနားယူနေမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် Virtus.pro ကိုရောက်ကောင်း ရောက်လာနိုင်ပါတယ်။

ဒါ့အပြင် RAMZES ကလည်း Evil Geniuses အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးနေပြီဆိုတော့ သူ့ရဲ့ရွှေရောင်နေ့ရက်တွေရှိခဲ့တဲ့ အသင်းဟောင်း Virtus.pro ကိုပြန်ရောက်လာနိုင်ခြေရှိပါတယ်။

သို့ပေမယ့် ဒါတွေဟာ ကောလဟလတစ်ခုအနေနဲ့သာ ရှိနေပါသေးတယ်။

အကယ်၍ ဒီကောလဟာလ သာအမှန်တကယ်ဖြစ်လာခဲ့ရင် Noone လို aggressive အရမ်းဆန်တဲ့ players နဲ့ Sumail တို့ပေါင်းမိရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာ အရမ်းသိချင်နေပါပီ.

MLesports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။