Neymar ကတော့ ဘောလုံးလောကမှာ မသိတဲ့သူမရှိလောက်အောင်ကို အောင်မြင်နေတဲ့ ဘောလုံးသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Neymar ဟာ လက်ရှိမှာဆိုရင်လည်း PSG အသင်းမှာ ကစားနေပြီး သူ့ရဲ့အကောင်းဆုံးပုံစံတစ်ခုရရှိအောင် အမြဲကျိုးစားနေသူတစ်ဦးပဲ ဖြစ်ပါတယ်။

Photo credit - PSG

Neymar ဟာ ဘောလုံးအားကစားကိုရူးသွပ်သူတစ်ဦးဖြစ်သလို esports game တွေကစားရတာကိုလည်း ခုံမင်နှစ်သက်သူတစ်ဦးပဲ ဖြစ်ပါတယ်။

Neymar ဟာ သူ့ရဲ့အားလပ်ချိန်တွေမှာ Counter Strike - Global Offensive ကိုအမြဲကစားလေ့ရှိသူတစ်ဦးပဲ ဖြစ်ပါတယ်။

သူကစားတဲ့အချိန်တိုင်းမှာလည်း ကိုယ်ပိုင် twitch channel ဖြစ်တဲ့ neymarjr ကနေ အမြဲ straming ပြုလုပ်ပေးတတ်ပါတယ်။

Screenshoot of Neymar stream

မနေ့ကဆိုရင်လည်း Neymar ဟာ သူ့ရဲ့ twitch channel မှာ Among Us နဲ့ cs:go ကို 2 နာရီခွဲလောက် straming ပြုလုပ်ခဲ့ပါသေးတယ်။

Neymar ဟာ သူ့ရဲ့ streaming မှာ ဘယ်လို skill တွေကြမ်းပြပြီး ဘယ်လောက်ရယ်ရတယ်ဆိုတာ ပရ်သတ်တွေ ကိုယ်တိုင်ကြည့်ရှုနိုင်စေဖို့အတွက် မနေ့က Naymar stream ထားတဲ့ ဗီဒီယိုလေးကိုပါဖော်ပြပေးလိုက်ပါတယ်။

Source - Neymar twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။