အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏ သက်တော်ရှည်နည်းပြကြီး အာစင်ဝင်းဂါးကတော့ ပေါ်တူဂီကလပ် စပို့တင်းအသင်း၏ ခံစစ်ကွင်းလယ်လူနှင့်တောင်ပံကစားသမားကို စောင့်ကြည့်နေပါတယ်။

ပေါ်တူဂီကလပ် စပို့တင်းအသင်း၏ တောင်ပံကစားသမားဖြစ်တဲ့ ဂယ်ဆင်မာတင်နှင့် ခံစစ်ကွင်းလယ်လူ ဝီလီယံကာဗယ်ဟိုတို့ကို အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေနှင့် ခေါ်ယူရန်စိတ်ဝင်စားနေတာပါ။

အဆိုပါကစားသမား၂ယောက်စလုံးမှာ ပေါ်တူဂီလက်ရွှေးစင်များဖြစ်ကာ ၂၂နှစ်ရှိ ဂယ်ဆင်မာတင်နှင့် ၂၅နှစ်ရှိ ဝီလီယံကာဗယ်ဟိုတို့၂ယောက်ပေါင်းအတွက် အာဆင်နယ်အသင်း၏နည်းပြအာစင်ဝင်းဂါးအနေနှင့် ပေါင်သန်းရဝပေးကာခေါ်ယူဖွယ်ရှိတယ်လို့သိရှိရပါတယ်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။