Photo credit - Liquipedia

BTRG cs:go အသင်းက player တစ်ယောက်ဖြစ်သူ XigN ကတော့ သူ့အနေနဲ့ အသင်းကနေတရားဝင်ထွက်ခွာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

XigN ဟာ သူ့ရဲ့ twitter အကောင့်မှာ "စာချုပ်ပါအချက်အလက်တွေကို ဖောက်ဖျက်တာကြောင့် ငါ BTRG အသင်းနဲ့ officially လမ်းခွဲခဲ့ပါပြီ။ လက်ရှိမှာငါဟာ free agents ဖြစ်နေပီဖြစ်ပြီး အသင်းသစ်တစ်သင်းကိုရှာဖွေနေပါတယ်" လို့တင်ထားခဲ့တာတွေ့ရပါတယ်။

BTRG အနေနဲ့ ​ရှေ့လထဲမှာလည်း အသင်းက players တွေဖြစ်တဲ့ Eeyore နဲ့ ImoressioN တို့ကို ဆုံးရှုံးခဲ့ရပြီး ယခုအခါမှာလည်း XigN ကိုထပ်မံဆုံးရှုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

BTRG မှာ လက်ရှိဆိုရင် player နှစ်ယောက်သာကျန်ရှိတော့ပြီး ၄င်း players တွေကတော့ xccurate နဲ့ Geniuss တို့ပဲဖြစ်ပါတယ်။

ဒီ players တွေထဲက xccurate ဟာဆိုရင်လည်း TYLOO အသင်းကနေ အငှားခေါ်ယူထားတာဆိုတော့ BTRG အနေနဲ့ အသင်းကိုပြန်လည် တည်ဆောက်ဖို့ players များစွာခေါ်ယူဖို့ လိုအပ်နေပါတယ်။

Source - XigN twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။