Selfie ရိုက်တာကို စွဲလမ်းတာဟာ မိန်းကလေးတွေမှာသာ မဟုတ်ပဲ တချို့သော ယောကျာ်းလေးတွေမှာပါ တွေ့ရတတ်ပါတယ်။

သူတို့တွေဟာ selfie ကောင်းတစ်ပုံရဖို့အတွက် အမြဲတမ်းကျိုးစားနေတတ်သူတွေ ဖြစ်ပြီး ဘယ်နေရာရောက်ရောက် selfie ရိုက်ဖို့ကိုပဲ တွေးတောနေတတ်ပါတယ်။

Photo from google
Photo from google

အဲ့ဒီလို selfie ရိုက်တာကို စွဲလမ်းသူတွေထဲမှာမှ သူများထက်ထူးပြီး သူများလိုက်ရိုက်ဖို့ ခဲယဥ်းလှတဲ့ selfie ပုံရိပ်တွေကို ရိုက်ဖို့ကျိုးစားကြသူတွေရှိပါတယ်။

သူတို့တွေဟာ လူမှုကွန်ယက်ပေါ်မှာ လူအများ အားပေးတာကို ရချင်လို့ ကျိုးစားကြတာဖြစ်ပေမယ့် အခက်မသင့်ရင် အသက်ပါဆုံးရှုံးသွားနိုင်တဲ့ အနေအထားတွေပါပဲ။

အဲ့ဒီလို အန္တရာယ်များတာတွေကို ထည့်မတွက်ပဲ သက်စွန့်စံဖျား selfie ရိုက်ဖို့ကြိုးစားရာကနေ အသက်ဆုံးရှုံးသွားသူတွေလည်း ရှိကြပါတယ်။

Photo from google
Photo from google
Photo from google

ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်လည်း သူများထက်ထူးပြီး သက်စွန့်စံဖျား ကြိုးစားရိုက်ကူထားတဲ့ selfie ပုံရိပ်လေးတွေကို ဖော်ပြပေးချင်တာပဲ ဖြစ်ပါတယ်။

ဒီselfie ပုံရိပ်လေးတွေဟာ ကြည့်လို့သာကောင်းပြီး လိုက်မလုပ်သင့်တဲ့ ပုံလေးတွေဖြစ်တာကြောင့် သူတို့လို မကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

Photo from google
Photo from google
Photo from google

Myanmarload. ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။