ဒီအမျိုးသားကတော့ Bong Thet လို့ခေါ်တဲ့ အသက် 27 နှစ်အရွယ် Cambodia နိုင်ငံသားတစ်ဦးပဲ ဖြစ်ပါတယ်။

သူဟာလွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်က ခြင်ကိုက်ခံရတာကနေ ကုသလို့မရနိုင်တဲ့ ရောဂါပိုးတစ်ခု ကူးစက်ခံခဲ့ရပါတယ်။

အဲ့ဒီရောဂါပိုးကြောင့်ပဲ Bong Thet ရဲ့ ခြေထောက်ဟာ ပုံမှန်အရွယ်အစားထက် ငါးဆလောက် ကြီးမားလာခဲ့ပါတယ်။

Photo credit - ViralPress

အဲ့အချိန်ဟာ Bong Thet အသက် 6 နှစ်အရွယ်သာရှိသေးပြီး ဘောလုံးသမားတစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်တွေရင်ဝယ်ပိုက်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

သို့ပေမယ့်လည်း Bong Thet ဟာ သူကူးစက်ခံရတဲ့ ရောဂါပိုးကြောင့် ခြေထောက်မှာ အကျိတ်လေးတွေ ထွက်လာရာကနေ တဖြေးဖြေး အခြေအနေပိုဆိုးလာခဲ့ပါတယ်။

မိဘတွေကလည်း စက်ရုံဝန်ထမ်းတွေဖြစ်တာကြောင့် သူ့ကို ဆေးကုသမပေးနိုင်ပဲ ဒီအတိုင်းထားရာကနေ အခြေအနေပိုပိုဆိုးလာခဲ့ပြီး ယခုမြင်တွေ့နေရတဲ့ ပုံထဲကအတိုင်း ဖြစ်လာခဲ့ပါတယ်

Photo credit - ViralPress
Photo credit - ViralPress

သူဟာကျောင်းတက်တဲ့အချိန်မှာလည်း သူ့ရဲ့ခြေထောက်ကြောင့် သူငယ်ချင်းတွေရဲ့ စနောက်အနိုင်ကျင့်မှုကို အမြဲခံခဲ့ရသလို နှစ် 20 လောက်သူရဲ့ နာကျင်မှုတွေကို အားတင်းခံလာခဲ့တဲ့​

​နောက် ယခုလအစပိုင်းလောက်မှာCombodia က စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ရောဂါကို ကုပေးဖို့ သဘောတူခဲ့ပါတယ်။

ဒါ့ကြောင့် Bong Thet ဟာဆေးရုံကိုပထမဆုံးအကြိမ် တက်ခွင့်ရခဲ့ပြီး စစ်ဆေးကြည့်တဲ့အခါမှာတော့ Lymphatic filariasis ရောဂါကို ခံစားနေရတာပဲ ဖြစ်ပါတယ်။

ဒီရောဂါဟာ လက်ရှိကမ္ဘာပေါ်က ဘယ်နိုင်ငံမှာမှ ကာကွယ်ဆေးလဲမရှိသလို ကုသနိုင်ခြင်းလည်း မရှိသေးပါဘူး။

Photo credit - ViralPress
Photo credit - ViralPress

ဒါကိုသိသိခြင်းမှာ Bong Thet အနေနဲ့ စိတ်ဓာတ်ကျခဲ့ပေမယ့်လည်း သူ့ကိုကူညီပေးတဲ့သူတွေတိုင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သလို "သူတို့ရဲ့ ကူညီမှုတွေက ကျွန်တော့်ဘဝကိုပိုပြီးလွယ်ကူစေပြီးငါ့ကိုဂရုစိုက်တဲ့သူတွေရှိတယ်ဆိုတာကိုသိရခြင်းကငါ့ကိုပျော်ရွှင်စေတယ်။

ကူညီပေးတဲ့အတွက်ငါအရမ်းကျေးဇူးတင်တယ်။ ငါ့ဘဝကို ပိုမိုသက်တောင့်သက်သာဖြစ်စေဖို့အတွက် ဆရာဝန်ပေးတဲ့ ဆေးတွေကိုလည်း သေချာသောက်သွားပါ့မယ် " လို့ပြောခဲ့ပေမယ့် ကုသပေးမယ့်သူပေါ်လာတာတောင် ကုသလို့မရတဲ့ရောဂါ ခံစားနေရတဲ့အတွက် စိတ်မကောင်း ဖြစ်နေမိမှာအမှန်ပါပဲ။

Bong Thet ပြန်ကောင်းလာနိုင်တဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ကုသနိုင်မယ့်ဆေး ဖော်ဆပ်နိုင်ဖို့ပါပဲ။ သို့ပေမယ့်ဒါဟာ လက်ရှိမှာ မျှော်မှန်းနေရုံ သက်သက်ပဲ တတ်နိုင်ပါတယ်။

Photo credit - ViralPress
Photo credit - ViralPress

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။