မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မနားတမ်းရိုက်ကူးပြီး ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်သူလေး ဖြစ်ပါတယ် ။ ပိုင်ဖြိုးသုက အနုပညာမောင်နှမတွေ တော်တော်များများနဲ့ ရိုက်ကူးရေးပြုလုပ်ခဲ့သလို မင်းသားချောလေး နေတိုးနဲ့လည်း ဇာတ်ကားတွေရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း နေတိုးနဲ့ ပိုင်ဖြိုးသုတို့က အရမ်းကိုခင်မင်ရင်းနှီးနေကြတဲ့ လုပ်ဖောက်ကိုင်ဖက်တွေပဲ ဖြစ်ပါတယ် ။

Photo Credit-Paing Phyoe Thu's FB Page
Photo Credit-Paing Phyoe Thu's FB Page & RBV
Photo Credit-Paing Phyoe Thu's FB Page

ပိုင်ဖြိုးသုက ချစ်စရာကောင်းတဲ့ညီမချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ညီမလေးနဲ့ပုံရိပ်တွေကို မကြာခဏတင်လေ့ရှိတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ပိုင်ဖြိုးသုရဲ့ညီမလေးက "ဥလုံး Kitchen " ဆိုတဲ့နာမည်နဲ့ Online Shop လေးမှာ အရသာရှိတဲ့အစားအသောက်တွေကို ချက်ပြုတ်ရောင်းချနေတာ ဖြစ်ပါတယ် ။ အခုလည်း နိုင်ဖြိုးဥက သူမချက်ထားတဲ့ဟင်းလျာတွေကို ချီးကျူးလိုက်တဲ့နေတိုးတို့သားအမိကြောင့် ပျော်ရွှင်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Paing Phyoe Thu's FB Page & RBV
Photo Credit-Paing Phyoe Thu's FB Page & RBV
Photo Credit-Naing Phyoe Oo's FB Acc
Photo Credit-Naing Phyoe Oo's FB Acc

နိုင်ဖြိုးဥက "ဒေါ်ဥလုံးတစ်ယောက်မိုးလင်းကတည်းက ချက်ပြုတ်ရတာပင်ပန်းရကျိုးနပ်ပြီလေ အမောတွေလည်းပြေပြီလေ" ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ် ။ နေတိုးကတော့ ဥဥဆီကို ဟင်းပွဲနဲ့ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေပို့ပေးခဲ့သလို နေတိုးရဲ့မေမေကလည်း ချီးကျူးစကားဆိုခဲ့တာ ဖြစ်ပါတယ် ။ ကဲ ပိုင်ဖြိုးသုရဲ့ညီမလေး နိုင်ဖြိုးဥပို့ပေးတဲ့ အစားအသောက်တွေကို အားပေးခဲ့တဲ့ နေတိုးရဲ့ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Naing Phyoe Oo's FB Acc

Photo Credit-Naing Phyoe Oo's FB Acc
Photo Credit-Naing Phyoe Oo's FB Acc
Photo Credit-Naing Phyoe Oo's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။