ပရိသတ်ကြီးရေ......တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအရည်အချင်း ပြည့်ဝတာကြောင့် ပရိသတ်အားပေးမှုကို အချိန်ခဏလေးအတွင်း ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ သူမဟာ Mrtv-4ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးမှာ အတွင်းရေးမှူးမလေး ရှေးရေစက်အနေနဲ့ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်နော်။

ချစ်စရာအပြုံးချိုချိုလေးတွေအပြင် သိမ်မွေ့ငြင်သာတဲ့ အပြုအမူလေးတွေပိုင်ဆိုင်ထားတဲ့ ခန့်ကို ပရိသတ်တွေက အချစ်ပိုပြီးရင်းပိုနေကြတာပါ....။အခုဆိုရင်လည်း ခန့်ဟာ Mrtv-4မှာလက်ရှိထုတ်လွှင့်ပြသနေတဲ့ မာယာလှည့်ကွက်ဆိုတဲ့ဇာတ်လမ်းတွဲမှာ အမရာအနေနဲ့ပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ခန့်ဟာမကြာခဏဆိုသလိုလည်း သူမရဲ့ရိုက်ကွင်းပုံရိပ်လေးတွေနဲ့ အလှပုံရိပ်လေးတွေကို မကြာခဏတင်ပေးတတ်ပါတယ်။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ "မင်းသတိရနေတဲ့သူက ခန့်ပဲဖြစ်ချင်တယ်...." ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source-Khant's Facebook page

Photo credit- Linn Sat Aein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။